အကယ္ဒမီမ်ားရွင္ မင္းသားေခ်ာေနတိုးက သူ႔ရဲ႕ အႏုပညာသက္တမ္းတစ္ေလွ်ာက္ နာမည္ပ်က္လုံးဝမရွိပဲ ေကာင္းသတင္းေတြနဲ႔သာ ေက်ာ္ၾကားသူတစ္ေယာက္ ျဖစ္ပါတယ္။ အေနေအးၿပီး တည္ၿငိမ္လြန္းတဲ့ ေနတိုးက သူ႔ရဲ႕ အတြင္းေရးကိစၥေတြနဲ႔ ပက္သတ္လာရင္ေတာ့ ဘယ္သူမွ မသိေလာက္ေအာင္ လွ်ိဳ႕ဝွက္လြန္းသူတစ္ေယာက္ပါပဲ။
ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ကိုယ္ပိုင္ခံစားခ်က္ေတြ တင္ေလ့မရွိတဲ့ ေနတိုးက ဒီေန႔မွာေတာ့ သူ႔ရဲ႕ Personal Account ကေနၿပီး “ေတာင္းပန္ပါတယ္… ခြင့္လြတ္ေပးပါ… Stay home ပါ့မယ္.. ေနာက္ဆိုအျပင္မထြက္ေတာ့ပါဘူး… စိတ္ဆိုးေျပပါေတာ့..” ဆိုျပီး တစ္စံုတစ္ေယာက္ကို ခြင့္လႊတ္ေပးဖို့ ေတာင္းပန္ေနတာကို ေတြ့ရပါတယ္။
ေဖ့စ္ဘုတ္စာမ်က္နွာကတဆင့္ ခံစားခ်က္ေတြကို ခ်မျပတတ္တဲ့ေနတိုးက အခုလို လူသိရွင္ၾကား ေတာင္းပန္ေနတာေၾကာင့္ ပရိသတ္ေတြက စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ ေနတိုးတစ္ေယာက္ ဘယ္သူေလးကို ဒီေလာက္ေတာင္းပန္ေနတယ္ထင္လဲ ေျပာျပခဲ့ၾကဦးေနာ္။
Source: Nay Toe’s fb
ယူနီကုဒ္ျဖင့္ဖတ္ရန္
အကယ်ဒမီများရှင် မင်းသားချောနေတိုးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် နာမည်ပျက်လုံးဝမရှိပဲ ကောင်းသတင်းတွေနဲ့သာ ကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်လွန်းတဲ့ နေတိုးက သူ့ရဲ့ အတွင်းရေးကိစ္စတွေနဲ့ ပက်သတ်လာရင်တော့ ဘယ်သူမှ မသိလောက်အောင် လျှို့ဝှက်လွန်းသူတစ်ယောက်ပါပဲ။
ဖေ့စ်ဘုတ်စာမျက်နှာမှာ ကိုယ်ပိုင်ခံစားချက်တွေ တင်လေ့မရှိတဲ့ နေတိုးက ဒီနေ့မှာတော့ သူ့ရဲ့ Personal Account ကနေပြီး “တောင်းပန်ပါတယ်… ခွင့်လွတ်ပေးပါ… Stay home ပါ့မယ်.. နောက်ဆိုအပြင်မထွက်တော့ပါဘူး… စိတ်ဆိုးပြေပါတော့..” ဆိုပြီး တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်နေတာကို တွေ့ရပါတယ်။
ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ခံစားချက်တွေကို ချမပြတတ်တဲ့နေတိုးက အခုလို လူသိရှင်ကြား တောင်းပန်နေတာကြောင့် ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော နေတိုးတစ်ယောက် ဘယ်သူလေးကို ဒီလောက်တောင်းပန်နေတယ်ထင်လဲ ပြောပြခဲ့ကြဦးနော်။
Source: Nay Toe’s fb