ပရိတ်သတ်ကြီးရေ… မြန်မာနိုင်ငံရဲ့ Rap Godလို့တင်စားခေါ်ဝေါ်ရလောက်အောင်ကို သူမတူတဲ့ flowတွေ အမိုက်စားသံစဉ်တွေကို သီဆိုပြနိုင်တဲ့ Rapperကြီး J Meကိုမသိတဲ့သူမရှိပါဘူးနော်။ ဟိုးအရင်အချိန်တွေထဲကနေ အခုထိ ဘယ်တော့မှ ညှိုးမှိန်မသွားတဲ့ အောင်မြင်မှုသရဖူတွေကိုဆောင်းနိုင်ခဲ့သူဖြစ်ပြီး ဂျူနီယာတွေ အားလုံးက လေးစားနေရတဲ့ ပုဂ္ဂိုလ်ကြီးပါပဲနော်။
အမြဲတမ်းခပ်အေးအေးနေတတ်ပြီးတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်ကိုသာ အာရုံစိုက်ပြီး လုပ်တဲ့သူဖြစ်တဲ့အတွက် သီချင်းတိုင်းမှာ သူမတူတဲ့ ခံစားမှုတွေကိုပေးစွမ်းနိုင်ပြီး flowတွေစာ အမြဲတမ်းအတွက်သစ်လွင်နေခဲ့ရပါတယ်နော်။ သူမဟာ အမြဲလိုလို အထာကျကျနေတတ်ပြီးတော့ အဆိုကောင်း အပြောကောင်းသူတစ်ယောက်ပါပဲနော်။
အခုတစ်ခါမှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးRapper အဆိုတော် The Roadနဲ့အတူတူ တွဲဖက်ပြီးတော့ Planetary Rock ဆိုတဲ့ သီချင်းအသစ်လေးကို ပုံစံအသစ်တစ်မျိုးနဲ့ ရသတစ်မျိုးပေးစွမ်းနိုင်အောင်ဖန်တီးခဲ့ပြန်ပါတယ်နော်။ နှစ်ယောက်စလုံးကတကယ့်ဒိတ်ဒိ တ်ကြဲ နာမည်ကြီးတွေဖြစ်တာကြောင့် ဒီသီချင်းအသစ်လေးဟာ တင်တင်ပြီးချင်းမှာပဲ အားပေးကြည့်ရှုတဲ့ပရိတ်သတ်တွေ များပြားလွန်းနေခဲ့ပါတယ်နော်။ ကဲ… နာမည်ကျော်နှစ်ယောက်ရဲ့ မြူးကြွပြီး သစ်ဆန်းတဲ့သံစဉ်တွေနဲ့ ဖန်တီးထားတဲ့ Japan-Myanmar Collaboration သီချင်းအသစ်လေးကို ချစ်ပရိတ်သတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : The Road,CRD_MYanmarload