“တချို့သောအရာတွေက အတူတူရှိနေမှ ပြီးပြည့်စုံပြီး လှပတဲ့အချိန်လေးတွေ ဖန်ဆင်းနိုင်တာမျိုး… ” လို့ဆိုလာတဲ့ ရွှေကစ်လေး

Posted on

ပရိသတ်တွေရဲ့အချစ်ကို ပိုင်ဆိုင်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးကတော့ ပရိသတ်​​တွေအ​ပေါ်ထားတဲ့ တူညီတဲ့ ချစ်​ခြင်း​မေတ္တာ​တွေနဲ့ ဝါသနာပါရာ အနုပညာကို ကြိုးစား​နေကြတာပါ။ ပရိသတ်​​တွေ အရမ်းချစ်​ကြတဲ့ သူတို့နှစ်​ဦးက​တော့ လတ်​တ​လောမှာလည်း ရင်​ခုန်​စရာ စာသား​လေးနဲ့ ​ကြော်​ငြာရိုက်​ထားတဲ့ ပုံရိပ်​တစ်​ခုကို အတူတွဲတင်​ထားတာ ​တွေ့ရပါတယ်။

အဆိုပါပုံလေးကိုတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က သူမရဲ့​ဖေ့စ်​ဘုတ်​​ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ကြော်ငြာ အတူရိုက်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ အနုပညာမောင်နှမနှစ်ဦးရဲ့ပုံရိပ်လေးကတော့ အရမ်းကို ကြည့်လို့ကောင်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် တချို့သောအရာတွေက အတူတူရှိနေမှ ပြီးပြည့်စုံတယ်​ဆိုတဲ့ ဝတ်​မှုန်​​ရွှေရည်​ ရဲ့အေ​ကြာင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝတ်​မှုန်​​ရွှေရည်​က​တော့ “တချို့သောအရာတွေက အတူတူရှိနေမှ ပြီးပြည့်စုံပြီး လှပတဲ့အချိန်လေးတွေ ဖန်ဆင်းနိုင်တာမျိုး… ” ဆိုပြီး သူမနဲ့ စိုင်းစိုင်းတို့ရဲ့ ပုံရိပ်​​လေးတစ်​ခုကို ​ဝေမျှ​ပေးထားတာပါ။

နှစ်​​ယောက်​လုံးက လုံးဝ အမိုက်​စား​နော်​…

စိုင်းစိုင်းခမ်းလှိုင်​နဲ့ ဝတ်​မှုန်​​ရွှေရည်​တို့နှစ်​ဦးက​တော့ ရုပ်​ရှင်​ဇာတ်ကား​တွေ​တော်​​တော်​များများမှာ အတူသရုပ်​​ဆောင်​ဖူးပြီး၊ တ​လောကလည်း American Vision မျက်​မှန်​ဆိုင်​ကို အတူ ​ကြော်​ငြာခဲ့ပါ​သေးတယ်​။ ချစ်​ပရိသတ်​​တွေလည်း အရမ်းကို ချစ်​ဖို့​ကောင်းတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးရဲ့ပုံရိပ်​​လေး​တွေကို ချစ်​ရင်​Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.