ကိုယ် တကယ် ချစ်မြတ်နိုးတဲ့သူနဲ့ လက်ထပ်ဖြစ်လိုက်တဲ့အခါ ကြည်နူးစရာအဖြစ်အပျက်လေးတွေလည်း များစွာ ကြုံဆုံလာတတ်ပါတယ်။ ဘဝက ဘယ်လောက်ပဲ ပင်ပန်းနေပါစေ နှစ်ယောက်ထဲ ရှိနေတဲ့အချိန်တွေဆို ဒီပင်ပန်းမှုတွေက အလိုလိုပပျောက်စေပြီး ကြည်နူးမှုတွေသာ မွေးဖွားစေပါတယ်။
ဒီလို ကြည်နူးမှုတွေက ချစ်စ၊ ကြင်စ၊ ညားခါစ ဇနီးမောင်နှံတွေမှာ များစွာတွေ့မြင်တတ်ရပါတယ်။ အဆိုပါဇနှီးမောင်နှံတွေမှာ ဘယ်လို ကြည်နူးမှုတွေ ရှိလဲဆိုတာကိုတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ Los Angeles မြို့မှာနေထိုင်တဲ့ Mary Park ဆိုတဲ့အနုပညာရှင်အမျိုးသမီးတစ်ယောက်က ရေးဆွဲ ပုံဖော်ထားပေးခဲ့တာပါ။ သူမရဲ့ Nickname ကတော့ Murrz ပဲဖြစ်ပါတယ်။
အောက်က ပုံရိပ်လေးတွေကြည့်ပြီး စုံတွဲတွေအားလုံးလဲ ကြည်နူးစရာပျော်ရွှင်မှုလေးတွေကို တဒင်္ဂအတွက်မဟုတ်ဘဲ ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
၁။ ချစ်တော့ချစ်တယ် အစားနဲ့ ပတ်သက်ရင်တော့ မရဘူးဆိုတဲ့ ကောင်မလေးမျိုးတွေ ပိုင်ဆိုင်ထားရင်တော့
၂။ ပိုင်ဆိုင်ထားပြီးလား? ဒီလို အဆီတစ်ထပ် အသားတစ်ထပ်နဲ့ ဗိုက်ခေါက်ပိုင်ရှင်လေးတွေကို
၃။ သင့် ချစ်သူက သေးသေးမွှားမွှားလေးဖြစ်တာနဲ့ သဲသဲလှုပ် ဂရုစိုက်ခံချင်တဲ့သူမျိုးလေးလား။
၎။ ချစ်တဲ့ မျက်စိနဲ့ ကြည့်လို့လား မသိဘူး ကိုယ့်ချစ်သူက ဘယ်လိုနေနေ ဆွဲဆောင်မှုရှိပြီးသား။ လှပြီးသားနော်။
၅။ ကိုယ့်ချစ်သူက ချစ်လို့ အခုလို ဂရုစိုက်ပေးရင် မငြိုငြင်ဘဲ ငြိမ်ခံနေလိုက်နော်။
၆။ စိတ်ဆိုးနေတဲ့ အချိန် ကိုယ့်ဘက်က သွားစမိရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲ ငြိမ်သာခံလိုက်တော့နော်။
၇။ အိပ်နေတဲ့ သူများအတွဲတွေ Ro တာလောက်တော့ ကိုယ်တွေအတွဲက သနားတယ်။ နိုးလာရင် လုံးဝ Suprise ပဲ။
၈။ တခါတလေကျတော့လည်း အဲ့ဒီလို…
၉။ Gym အတူတူ သွားဆော့ရင်တော့ သူ့ကိုကြည့်ပြီး ကိုယ်ပါ အားပျက်သွားမယ်နော်။
၁၀။ ရုပ်တည်ကြီးနဲ့ ကိုယ်က ဟောက်စားလုပ်လိုက်လဲ ခဏပဲ ရတယ်။
Source;Lifestyle_Myanmar