“ညှို့သော ပင်လယ်၊ဆွဲငင်သော လမင်း ဇာတ်ဝင်တေးအဆိုရှင် Rဇာနည်ကို အနားထားပြီး အဆိုရှင် တခြားသူလို့ ပြောနေကြတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ ကြည်ဖြူသျှင်”

Posted on

ပရိသတ်ကြီးရေ လတ်တလောမှာ လူစိတ်ဝင်းစားမှု မြှင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ကြည့်ရှု့နေကြမယ် ထင်ပါတယ်.။ ပျော်ရွှင်မှုတွေ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ပေးပြီး တစ်ပတ်နဲ့တစ်ပတ်မှာ မထူတဲ့ ပြိုင်ပွဲဝင်တွေရဲ့ ဂီတပါရမီအရည်အချင်းပေါင်းစုံကို မြင်နေရတဲ့ ပြိုင်ပွဲဖြစ်ကာ ဂီတလောကရဲ့ နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ Rဇာနည်၊ နီနီခင်ဇော်၊ ရန်ရန်ချမ်းနဲ့ ကျားပေါက်တို့က ဒိုင်လူကြီးတွေအဖြစ်နဲ့ ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်နော်.။ ပျော်ပျော်ပါးပါးနဲ့ အပတ်တိုင်းမှာ အံ့သြဖွယ်လေးတွေ ပေးစွမ်းနိုင်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကတော့ ဒီတစ်ပတ်ရဲ့ ပွဲစဉ်ညမှာ ဒိုင်လူကြီးတွေကြားမှာ မှားယွင်းတဲ့ လွဲမှားမှုတစ်ခုကြောင့် အနုပညာရှင်တွေနဲ့ ပရိသတ်တွေကြားမှာ ဂယက်လေးတစ်ခုဖြစ်ခဲ့ပါတယ်.။

ပြိုင်ပွဲဝင်တစ်ဦး သီဆိုတဲ့ “ညှို့သော ပင်လယ် ၊ ဆွဲငင်သော လမင်း” သီချင်းရဲ့ မူရင်းအဆိုတော်နဲ့ပတ်သက်ပြီး မှားယွင်းပြောမှုလေးတွေကြောင့် ပရိသတ်တွေကြား ဂယက်ထခဲ့ပြီး ဒီနေ့ စက်တင်ဘာလ (၇)ရက်နေ့မှာတော့ ကြည်ဖြူသျှင်က သူမရဲ့ ရိုက်ကူးခဲ့တဲ့ “ညှို့သော ပင်လယ်၊ ဆွဲငင်သော လမင်း” ရုပ်ရှင်ဇာတ်ဝင်တေးဖြစ်ကာ မူရင်းအဆိုတော် Rဇာနည် ဖြစ်တဲ့အကြောင်းလေးကို “”ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်း” ရုပ်ရှင်ဇာတ်ဝင်သီချင်းသီဆိုသူ မူရင်း အဆိုရှင် က” R ဇာနည် “ပါ။ ကျွန်မတို့မိသားစုပိုင် မဟာထွန်းရုပ်ရှင်ထုတ်လုပ်ရေး၊ ဝတ္တု လွန်းထားထား(ဆေးတက္ကသိုလ်) ဒါရိုက်တာ က ကျွန်မ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ” ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်း” ရုပ်ရှင် အတွက် အသစ်ရေးတဲ့သီချင်းပါ။ မင်းသား – ဒွေး ၊ မင်းသမီး – ထွန်းအိန္ဒြာဗို ပါ.။ ပြီးတော့ ” လမင်းသို့” အမည်နဲ့ ” Rဇာနည် ၊ မီးမီးခဲ ” စုံတွဲသီချင်းခွေထုတ်ခဲ့ပါသေးတယ်။

ထုတ်လုပ်သူက ကျွန်မ ညီမ မနုရွှေရည်ပါ။ ဒီသီချင်းကို ဇာတ်ဝင်သီချင်းအဖြစ်…. တေးရေး-စောခူဆဲ က ရေးပြီး ၊ “Rဇာနည် နဲ့ မီးမီးခဲ” စုံတွဲဆိုခဲ့တာပါ။ မူရင်းအဆိုရှင် ” Rဇာနည် ” ကိုအနားထားပြီး ခုလိုတွေပြောနေကြတာ မြင်တော့ ၊စိတ်မကောင်းဖြစ်မိလို့ပါ။ ကြည်ဖြူသျှင် (၇ – ၉ – ၂၀၂၀)” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ကြည်ဖြူသျှင်ကတော့ မူရင်းအဆိုတော်နဲ့ပတ်သက်ပြီး မှားယွင်းမှတ်မိနေကြတဲ့အဖြစ်ကို စိတ်မကောင်းဖြစ်မိလို့ ဖွင့်ချလာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါယ်.။

Source: Lay Kyi Phyu’s facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.