Source-Paing Phyo Thu
Unicode
အနုပညာ ပညာရပ်နဲ့ပက်သက်လာရင် စိတ်ရော ကိုယ်ရော နှစ်မြှုပ်ပြီး အစွန်းကုန် ကြိုးစားတတ်သူဖြစ်တဲ့ အကယ်ဒမီပိုင်ဖြိုးသု ဟာ အနုပညာလောကရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးစာရင်းမှာ ပါဝင်ရပ်တည်နေသူပဲဖြစ်ပါတယ်။အနုပညာမှာတင် အောင်မြင်သူမဟုတ်ပဲ အတန်းပညာတွေမှာပါ ထူးချွန်သူဖြစ်သောကြောင့် ဆရာဝန်ဘွဲ့အထိပါ ရရှိခဲ့သူတစ်ယောက်ပါ။
လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်သူဖြစ်ပြီး ကလေးဆန်ဆန် ပျော်ပျော်နေတတ်သူဖြစ်သောကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက် ရရှိပိုင်ဆိုင်ထားသူဆိုလည်းမမှားပါဘူး။ကိုဗစ်ကာလမှာ အနုပညာ အလုပ်တွေရပ်နားထားတာကြောင့် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီး ပရိသတ်တွေနဲ့ အချိတ်အဆက်မပြတ်အောင် ငယ်ဘဝပုံလေးတွေ မျှဝေတာမျိုး ၊ တခါတလေ စီးပွားရေးကြော်ညာလေးတွေ လုပ်ပေးတာမျိုး ၊ တခါတလေ သူမရဲ့ ဓါတ်ပုံလေးတွေရိုက်ပြီး မျှဝေတာမျိုးတွေလုပ်လေ့ရှိပါတယ်။
ဒီတခါမှာလဲ သူမနဲ့ သူ့မရဲ့ ညီမလေး တို့က Tay Tayရဲ့ Cardigan တွေနဲ့ ဓါတ်ဖမ်းဖို့ လုပ်နေရုံပဲရှိသေးတယ် သူမတို့ရဲ့အချစ်တော် ငရှုပ်လေးနှစ်ကောင် ရိုက်ကွင်းထဲဝင်လာလို့ ရိုက်ကွင်းက ဝရုန်းသုံးကား ဖြစ်သွားပုံကို ” ကိုယ်တွေညီအစ်မနှစ်ယောက် Tay Tayရဲ့ Cardigan လေးတွေနဲ့ ဓါတ်ဖမ်းမယ်ပေါ့ ….🤩ငရှုပ်လေးနှစ်ကောင် ဝင်ရှုပ်တာနဲ့ ပဲတောင်မပေးလိုက်ရဘူး….😅ဝရုန်းသုံးကားရိုက်ကွင်းလေးတစ်ခုပါပဲကွယ်….😂 ” ဆိုတဲ့စာသားလေးနဲ့အတူ သုသုရဲ့ အချစ်တော် ငရှုပ်နှစ်ကောင်ဝင်ရှုပ်ထားတဲ့ပုံလေးကိုပါ မျှဝေလာပါတယ်။ကိုအားပေးကြတဲ့ ပရိသတ်ကြီးလဲ သုသုတို့ ညီအစ်မနှစ်ယောက်နဲ့ သုသုရဲ့ ငရှုပ်လေးနှစကောင်ကို ကြည့်ပြီးတော့ ကြည်နူးနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source-Paing Phyo Thu