ညိုစိမ့်စိမ့်အသားအရည်လေးနဲ့ နိုင်ငံခြားသူလေးတစ်ယောက်အလားထင်မှတ်ရတဲ့ စမိုင်းလ်ရဲ့သမီးကြီး ပေါ်ရှာရဲ့ ဗီဒီယို

Posted on

နိုင်ငံကျော် မင်းသမီးလေး စမိုင်းလ်က တစ်ချိန်က ပရိသတ်တွေရဲ့ အသည်းစွဲမင်းသမီး တစ်ဦး ဖြစ်ခဲ့ပေမယ့် အသက်အရွယ်တစ်ခုကို ရောက်ရှိလာပြီးတဲ့နောက်မှာတော့ အနုပညာလုပ်ငန်းတွေထက် စီးပွားရေးလုပ်ငန်းတွေကို အချိန်ပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စမိုင်းက သူမ ချစ်တဲ့ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် အမြဲတမ်း ကြိုးစားနေလျက်ရှိပြီး ပရိသတ်တွေနဲ့အတူတူ ကုသိုလ်ပြုနေတဲ့ နိဗ္ဗာန်ဆော်တစ်ယောက်လို့ဆိုလည်း မမှားပါဘူး။ ပရိသတ်တွေကလည်း စမိုင်းလ်အပြင် စမိုင်းလ်ရဲ့ခင်ပွန်း ကိုပြည့်မောင်နဲ့ သမီးကြီးပေါ်ရှာ၊ သမီးငယ်ကလိုဝီတို့ကို မေတ္တာတွေနဲ့ ချစ်ခင်အားပေးကြပါတယ်။

အလိုလိုက်ပြီး မျက်နှာအညှိုးမခံတဲ့ ခင်ပွန်း၊ နိုင်ငံခြားသူလေးတွေလို လှပချစ်စရာကောင်းတဲ့ သမီးနှစ်ဦးနဲ့ ပျော်စရာကောင်းတဲ့ နေ့ရက်တွေကို ကုန်ဆုံးနေတဲ့ စမိုင်းလ်ကတော့ သူမရဲ့ သမီးကြီး ပေါ်ရှာကိုလည်း သူမလိုပဲ အနုပညာလမ်းမကို လျှောက်လှမ်းစေချင်သူတစ်ယောက် ဖြစ်ပါတယ်။ ပေါ်ရှာကလည်း ညိုစိမ့်စိမ့်အသားအရည်လေးနဲ့ နိုင်ငံခြားသူလေးတစ်ယောက်လို လှပပြီး ဆွဲဆောင်မှုရှိတာကြောင့် ပရိသတ်တွေက အချစ်ပိုနေရသူလေးပါ။ ဒီကနေ့မှာတော့ ပေါ်ရှာလေးက သူမရဲ့ ဗီဒီယိုလေးကို မျှဝေပြီး ပရိသတ်တွေအတွက် အလွမ်းပြေစေခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

စမိုင်းလ်ရဲ့ သမီးကြီး ပေါ်ရှာကတော့ မဂ္ဂဇင်းကာဗာတွေအတွက် ဓာတ်ပုံရိုက်ဖူးသူလေးဖြစ်ပြီး ပရိသတ်တွေနဲ့ မစိမ်းသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း စမိုင်းလ်ကိုချစ်သလို ပေါ်ရှာလေးကို ချစ်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Portia Maung ‘fb

zawgyi




Source: Portia Maung ‘fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.