ညာဏ်ရည်မသန်စွမ်း ကလေးငယ်တွေအတွက် အလှူလုပ်ရင်း ခံစားချက်တွေဖောက်သည်ချလိုက်တဲ့ မြတ်ကေသီအောင်

Posted on

UK မှ အလှုရှင်များနဲ့ပေါင်းလှုဖြစ်တဲ့ အလှုလေးပါ..ဆိုပြီး သူ့ရဲ့ အလှူအကြောင်း ကို ကိုယ်တိုင်ပြောပြလာတာ က မြတ်ကေသီအောင်ပါ ။ မကေ က “ကိုယ်တိုင်ရောက်သွားတော့မှ ရင်ထဲ တော်တော်မကောင်းဖြစ်မိတယ်.တချို့ဆို ကိုယ့်ဘဝကို ဘယ်လိုရှင်သန်ရမလဲဆိုတာမသိတဲ့ ခလေးတွေ ရှိကြပါတယ်.အသိညဏ်မဖွံ့ဖြိုးသလို ကိုယ်ခန္ဓာကလည်း မသန်စွမ်းတော့ သူတို့လေးတွေရဲ့ဘဝကြည့်ပြီး စိတ်မောမိတယ်.သူတို့လေးတွေကတော့ ဘာဆို ဘာမှ မသိကြပေမဲ့ ဘေးလူအနေနဲ့ကတော့ ဂရုနာသက်နေမိရုံကလွဲလို့ ဘာမှကူလုပ်မပေးနိုင်ကြဘူး.ကျမတို့အနေနဲ့ သူတို့အတွက်ကူညီပေးနိင်တာတခုတော့ရှိပါတယ်.ဘာလဲဆိုတော့ သူတို့လေးတွေအတွက် လိုအပ်မဲ့အရာလေးတွေ ကိုယ်တတ်နိုင်သလောက်ထောက်ပံ့ခြင်းပါပဲ. တကိုယ်ရေသန့်ရှင်းရေးမလုပ်နိုင်တဲ့ ခလေးများစွာအတွက်လည်း လိုအပ်တဲ့အရာတွေရှိသလို အာရုံကြောမကောင်းတဲ့သူလေးတွေအတွက် ဆေးဝါးတွေကလည်း အမြဲလိုအပ်နေတာပါ.” ဆိုပြီး သူ လှူဖြစ်ခဲ့တဲ့ အကြောင်းလေးလည်း ဖောက်သည်ချထားလေရဲ့။

 

 

 

ဆက်လက်ပြီး “ပြည့်စုံပြီး ပေါလျှံနေတဲ့နေရာထက် ခုလို တခြားခလေးတွေလိုမနေရတဲ့ ဘဝနဲ့ရှင်သန်ဖို့ ကြိုးစားနေရတဲ့ ခလေးတွေအတွက် လိုအပ်တာလေးတွေ လှုပြီးဖြည့်ပေးကြရင် သူတို့လေးတွေကိုစောင့်ရှောက်နေကြတဲ့ ဆရာမလေးတွေ အရမ်းပီတိဖြစ်နေမှာသေချာပါတယ်ခလေးပေါင်း၁၀၇ ယောက်ကို စောင့်ရှောက်ပေးတဲ့ဆရာမတွေကိုလည်း အရမ်းလေးစားမိတယ်.တော်ရုံစိတ်ရှည်တာလောက်နဲ့ အဲ့ခလေးတွေရဲ့ဆရာမ လုပ်ဖို့မဖြစ်နိုင်ပါဘူး.ဆရာမလေးတွေခမျှာမှာလည်း သူတို့ခလေးတွေကို ချစ်မဲ့လူ လာလှုပေးမဲ့ ပြည်သူတွေကိုလည်း ကြိုဆိုနေပါတယ်..”ဆိုပြီးလည်း ညာဏ်ရည်မသန်စွမ်း ဂေဟာတွင်း က ကလေးငယ်တွေရဲ့ ဘဝကို ပြန်ပြီး ပြောပြထားသေးတာပါ။

 

မကေ က “ကျမ စာလေးကိုဖတ်ဖြစ်ရင် တတ်နိုင်သလောက်လေး သွားလှုရင်း လေ့လာကြည့်ပါ.ကိုယ်တွေဘဝမှာ အဆင်မပြေဘူးဆိုတဲ့ အရာတွေဟာ အဲ့ခလေးတွေကို တွေ့သွားရင် ငါ့ဘဝက သိပ်ကံကောင်းပါလားလို့ အားတက်သွားပါလိမ့်မယ်.သူတို့လေးတွေ သိပ်သနားဖို့ကောင်းပါတယ်ရှင်..” ဆိုပြီးတော့လည်း သူ့ခံစားချက်ကို  မျှဝေပေးထားပါသေးတယ်။ ပရိသတ်ကြီးလည်း တခါတခေါက်လောက် ဒီ ညာဏ်ရည်မသန်စွမ်း ကလေးတွေအတွက်အလှူလေးတွေပြုလုပ်ပေးကြမယ်ဆို မှတ်ချက်ပေးခဲ့ကြပါနော်။

 

Source – Myat Kay Thi Aung

Noe Noe May Ju Ju

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.