ဇာတ်လမ်းထဲမှာသာ နေခြည်ဦးနဲ့ ပေါင်း ဖက် ရပေမယ့် လက်တွေ့ရိုက် ကွင်းမှာတော့ နေခြည် ဦးနဲ့ အောင်ရဲလင်း Ro တာကြည့်ပြီး အားကျခဲ့ရတဲ့ ထက်ယံ

Posted on

မိတ္ထီလာ ဆိုတဲ့ နယ်မြို့လေးကနေတဆင့် ရန်ကုန်ကိုတက်လာပြီး အဆိုတော်တစ်ေ ယာက်ဖြစ်အောင်ြ ကိုးစားခဲ့တဲ့ ထက်ယံကေ တာ့ အခုဆိုရင် သူ့ရဲ့ ကြိုးစားမှုအားလုံးအရာထင်လာပြီး နိုင်ငံကျော် အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ထက်ယံရဲ့ သီချင်းတွေက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ပြီး နောက်ဆုံးထွက်ရှိခဲ့တဲ့ “Gravity” Album ကလည်း အကြီးအ ကျယ် အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထက် ယံကလည်း သူ့ရဲ့ ပရိသတ်တွေအတွက် နားထောင် ရကျိုးန ပ်စေမယ့် သီချင်းကောင်းလေးတွေကိုသာ ဖန်တီးသီဆိုေ လ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ထက်ယံရဲ့ “Gravity” Album ထဲက သီချင်းသုံးပုဒ်ဖြစ်တဲ့ “ချစ်လိုက်”၊ “မင်းထက်နိဗ္ဗာန်မလိုချင်”၊ “ကျေနပ်လား” ဆိုတဲ့ သီချင်းသုံးပုဒ်ကို Music Series အဖြစ် ထွက်ရှိခဲ့တာ ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။ ထက်ယံကတော့ ဇာတ်သိမ်းပိုင်းမှာ နေခြည်ဦးနဲ့ ပေါင်းဖက်ရတဲ့ ဇာတ်ဝင်ခန်းမှာ သရုပ်ဆောင်ခဲ့ပြီး လက်တွေ့ရိုက်ကွင်းပေါ်မှာတော့ နေခြည်ဦးနဲ့ အောင်ရဲလင်းတို့ရဲ့ ရိုမန့်တစ်ဆန်ဆန် ဇာတ်ဝင်ခန်းတွေကိုကြည့်ပြီး မျက်နှာပြောင် အားကျနေရတာပဲ ဖြစ်ပါတယ်။

ထက်ယံကတော့ သူကိုယ်တိုင် စေတနာအပြည့်နဲ့ ဖန်တီးခဲ့တဲ့ Music Series လေးက အောင်မြင်သွားတဲ့အတွက် တော်တော်လေး ဝမ်းသာနေရရှာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော Music Series ထဲက သီချင်းသုံးပုဒ်မှာ ဘယ်သီချင်းကို အကြိုက်နှစ်သက်ဆုံးလဲဆိုတာ ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: V7Entertainment’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.