ဇာတ်ပို့သရုပ်ဆောင် ကိုပါကျဲအတွက် လုပ်အားဒါန ပါဝင်ကူညီပေးခဲ့တဲ့ မြတ်သူသူဇင်

Posted on

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးလေး မြတ်သူသူဇင်က တော့ ပရိသတ်တွေအတွက် ဇာတ်လမ်းတွဲလေးတွေကို အကောင်းဆုံးသရုပ်ဆောင်ရင်း တစ်ဖက်ကလည်း ပရဟိတလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာပါ။ မြတ်သူသူဇင် ဟာ ပရိသတ်တွေ ချစ်ကြသလို အနုပညာရှင် အချင်းချင်းအပေါ်မှာလည်း လေးစားတတ်တဲ့ သူဖြစ်ပါတယ်။

မကြာသေးခင် က လူမှုကွန်ရက်အသုံးပြုသူတွေစိတ်မကောင်းဖြစ်ခဲ့ ကြတဲ့ ဇာတ်ပို့သရုပ်ဆောင် ကိုပါကျဲကို မြတ်သူတစ်ယောက် အလှူငွေ တွေ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါအကြောင်းအရာကို မြတ်သူသူဇင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာပါ။

မြတ်သူ က “MC ရဲ့ရိုက်ကူးရေးတခုလုပ်ရင်း ကိုပါကျဲကို ကိုရီးယားမှာရှိတဲ့ အစ်မတစ်ယောက်က လှူတဲ့အလှူလေးမှာ ကိုယ်စားလှူပေးခဲ့ပါတယ် ကိုပါကျဲရဲ့အပျော်တွေနဲ့ ထပ်တူလည်းပျော်နေမိပါတယ်
ကိုယ်စားလှူပေးရပေမယ့် အရမ်းကျေနပ်ပီတိဖြစ်မိပါတယ် “ လို့ရေးသားထားပါတယ်။ ခေတ်ပျက်နေတဲ့ ရုပ်ရှင် ၊ ဗီဒီယိုဈေးကွက်ကြောင့် ဇာတ်ပို့ ဇာတ်ရံတွေ နဲ့ အခြား အနုပညာရှင်တွေ လတ်တလောမှာ အခက်အခဲတွေ ကြုံနေရတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း မြတ်သူ ရဲ့ အလှူအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး ။

Source – Myat Thu Thu Zin

Now Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.