ဇနီးေမာင္နွံနွစ္ေယာက္တည္း ခြက္ခ်င္းဆိုင္ ထုိင္ေသာက္ၾကျပီး အမူးမေျပျဖစ္ေနၾကတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီ

Posted on

ပြည်သူချစ် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုန်ရတီဟာ တစ်ဦးချင်းဖြစ်စေ နှစ်ယောက်တွဲပြီးဖြစ်စေ ပရိသတ်တွေကြားမှာ ရေပန်းစားသူပါ။ ရွှေထူးနဲ့ ရွှေမှုံရတီက ကျင်လည်တဲ့ အနုပညာနယ်ပယ်ချင်းမတူညီကြပေမယ့် နောက်ပိုင်းမှာတော့ ရွှေထူးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးသလို ရွှေမှုံကလဲ သီချင်းတွေ သီဆိုနေပြီဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ယောက်သီဆိုခဲ့တဲ့ “အမှား”၊ “မိုးစက်များကပြောသော” အစရှိတဲ့ သီချင်းတွေက လူကြိုက်များအောင်မြင်ခဲ့သလို “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း တစ်နိုင်ငံလုံးအတိုင်းအတာထိ ပေါက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

စိတ်တူ ကိုယ်တူ ဝါသနာတူတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ အနုပညာလှုပ်ရှားမှုတိုင်းက အောင်မြင်မှုတွေများစွာ ရရှိခဲ့သလို ဘယ်ကိစ္စကိုမဆို တိုင်တိုင်ပင်ပင်ရှိကြတာကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက အထစ်အငေါ့မရှိပဲ သာယာအေးချမ်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ရွှေမှုံရတီက အလုပ်ကိစ္စတွေကြောင့် စိတ်ညစ်ညူးနေတဲ့ ရွှေထူးကို အသောက်အစားတွေနဲ့ ကျွေးမွေးခဲ့ကာ ဇနီးမောင်နှံနှစ်ယောက်တည်း အမူးမပြေဖြစ်နေတယ်လို့ ရွှေထူးက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။

ရွှေမှုံရတီကတော့ အလုပ်တွေကြောင့် စိတ်ပင်ပန်းနေတဲ့ ချစ်ခင်ပွန်းကို သူကိုယ်တိုင် လိုက်ပြုစုပေးခဲ့ပြီး အဖော်ရအောင် လိုက်သောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံတို့ ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲ အမြဲတမ်း စိတ်တူကိုယ်တူ ချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb

zawgyi

ျပည္သူခ်စ္ အႏုပညာရွင္ႏွစ္ဦးျဖစ္တဲ့ ေ႐ႊထူးနဲ႔ေ႐ႊမႈန္ရတီဟာ တစ္ဦးခ်င္းျဖစ္ေစ ႏွစ္ေယာက္တြဲၿပီးျဖစ္ေစ ပရိသတ္ေတြၾကားမွာ ေရပန္းစားသူပါ။ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီက က်င္လည္တဲ့ အႏုပညာနယ္ပယ္ခ်င္းမတူညီၾကေပမယ့္ ေနာက္ပိုင္းမွာေတာ့ ေ႐ႊထူးက ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးသလို ေ႐ႊမႈံကလဲ သီခ်င္းေတြ သီဆိုေနၿပီျဖစ္ပါတယ္။ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔ႏွစ္ေယာက္သီဆိုခဲ့တဲ့ “အမွား”၊ “မိုးစက္မ်ားကေျပာေသာ” အစရွိတဲ့ သီခ်င္းေတြက လူႀကိဳက္မ်ားေအာင္ျမင္ခဲ့သလို “ဧည့္သည္” ႐ုပ္ရွင္ဇာတ္ကားႀကီးကလည္း တစ္ႏိုင္ငံလုံးအတိုင္းအတာထိ ေပါက္ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။

စိတ္တူ ကိုယ္တူ ဝါသနာတူတဲ့ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီရဲ႕ အႏုပညာလႈပ္ရွားမႈတိုင္းက ေအာင္ျမင္မႈေတြမ်ားစြာ ရရွိခဲ့သလို ဘယ္ကိစၥကိုမဆို တိုင္တိုင္ပင္ပင္ရွိၾကတာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးက အထစ္အေငါ့မရွိပဲ သာယာေအးခ်မ္းေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း ေ႐ႊမႈံရတီက အလုပ္ကိစၥေတြေၾကာင့္ စိတ္ညစ္ညဴးေနတဲ့ ေ႐ႊထူးကို အေသာက္အစားေတြနဲ႔ ေကြၽးေမြးခဲ့ကာ ဇနီးေမာင္ႏွံႏွစ္ေယာက္တည္း အမူးမေျပျဖစ္ေနတယ္လို႔ ေ႐ႊထူးက သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာျပလာပါတယ္။

ေ႐ႊမႈံရတီကေတာ့ အလုပ္ေတြေၾကာင့္ စိတ္ပင္ပန္းေနတဲ့ ခ်စ္ခင္ပြန္းကို သူကိုယ္တိုင္ လိုက္ျပဳစုေပးခဲ့ၿပီး အေဖာ္ရေအာင္ လိုက္ေသာက္ေပးခဲ့တာ ျဖစ္ပါတယ္။ ေ႐ႊထူးနဲ႔ ေ႐ႊမႈံတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ အခုလိုပဲ အၿမဲတမ္း စိတ္တူကိုယ္တူ ခ်စ္ႏိုင္ၾကပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo Khant’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.