ဇနီးသည် စဉ်းစားပေးလိုက်တဲ့ caption ကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားတဲ့ ရွှေထူး

ချစ်သူဘ၀မှ အိမ်ထောင်သည်ဖြစ်သည်အထိ ပျော်ရွှင်ခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံတို့အတွဲလေးက တစ်ဦးနဲ့တစ်ဦး စနောက်တတ်ကြသူများလည်း ဖြစ်ပါတယ်။ ရွှေထူးက သူ့ရဲ့ပုံတစ်ပုံကို ဖေ့စ်ဘွတ်ပေါ်တင်ဖို့အတွက် caption စဉ်းစားမရလို့ ဇနီးသည်ကို စစ်ကူခေါ်ခဲ့ရာ

သူမ စဉ်းစားပေးလိုက်တဲ့ caption စာသားကြောင့် ရွှေထူးတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။

ရွှေထူးက ရေတွေစိုနေပြီး ဆံပင်များကို နောက်ပြန်သပ်ထားတဲ့ ပုံလေးကို သူ့ရဲ့ဖေ့စ်ဘွတ်မှာ တင်ဖို့အတွက် ဇနီးသည်က ‘ပြောင်ကြီး’ ဆိုတဲ့ caption လေးကို ရွေးချယ်ပေးခဲ့ပါတယ်။

“ကျွန်တော် – မိန်းမရေ ဒီပုံတင်မလို့ Caption လေးစဉ်းစားပေးပာဦး … မိန်းမ – ‘ပြောင်ကြီး’ တဲ့ ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ရွှေထူးက သူ့ရဲ့ချစ်ဇနီးချောလေး ရွှေမှုံက အမေနဲ့တူတဲ့ ဇနီးလေးဖြစ်တယ်လို့ မီဒီယာများရဲ့အင်တာဗျူးတွင် ဖြေကြားခဲ့ပါတယ်။ ရွှေမှုံကလည်း ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး အကြံပေးတာများလည်း ရှိသလို ပွဲတစ်ခုသွားပြီဆိုရင်လည်း ၀တ်စားဆင်ယင်မှုလေးတွေကအစ ဂရုတစိုက်လုပ်ပေးတယ်လို့ ပြောပြခဲ့ပါတယ်။

ဇွန်လ (၅) ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ရွှေထူးရဲ့ ‘Silent’ ဆိုတဲ့ သီချင်းသစ်ဟာ ထွက်ရှိခဲ့တဲ့ နေ့မှာပင် လူငယ်ပရိသတ်များကြား အလွန်ရေပန်းစားနေခဲ့ပြီး လူကြိုက်များကာ နားထောင်သူဦးရေ များပြားနေတာ ဖြစ်ပါတယ်။ ရွှေထူးရဲ့သီချင်းသစ်ကို ဇနီးသည်ဖြစ်သူ ရွှေမှုံကတောင် အတော်လေး သဘောကျနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.