ဇနီးမယားဟာလင်ယောကျာ်းရဲ့ ဘာကြောင့် ”ဘယ်”ဘက်မှာပဲအိပ်ခွင့်ရှိတာလဲ…

Posted on

မိန်းမက လင်ယောကျာ်းရဲ့ ညာဘက်မှာ အိပ်ရင် ယောကျာ်းက ဘုန်းကံနိမ့်ပြီး အိမ်ထောင်ရေးမှာ စီးပွားရေးလာဒ်ပိတ်စေတယ်ဆိုတာ တကယ်လား???

လင်ရယ် မယားရယ် ဖြစ်လာပြီဆို တစ်အိပ်ယာတည်း အတူအိပ် ကြရပါတယ်

မိန်းမသားတွေဟာ လင်ယောကျာ်းရဲ့ ဘယ်ဘက်အခြမ်းမှာ သာ အိပ်ခွင့်ရှိပါတယ်………

ဒါပေမယ့် ဘာဖြစ်လို့ မိန်းမသားတွေဟာ လင်ယောကျာ်းရဲ့ ဘယ်ဘက်အခြမ်းမှာပဲအိပ်ခွင့်ရှိတာလဲ………ဘာကြောင့်လဲ

 

 

အမှန်ဆို အိပ်ချင်တဲ့ ဘက်အိပ်မှာပေါ့နော်…

တချို့ဆို အိပ်ယာဘေးဘက် နံရံ ထောင့်ဘက် အခြမ်းကို မိန်းမသားတွေ ပိုမိုကြိုက်နှစ် သက်လေ့ရှိပါတယ်

ဘေးမှာက နံရံ အတားအဆီး တစ်ခု ဖြစ်သလို ဒီဘက် ဘေးမှကြ အားကိုးအားထားပြုရတဲ့ လင်ယောကျာ်း အဲတော့ မှ သူတို့က မိမိကိုယ်ကို လုံခြုံမှု အပြည့်နဲ့ စိတ်ချလက်ချ အိပ်စက်နိုင်ကြတာပါ………

မိန်းမက ယောကျာ်းရဲ့ ညာဘက်မှာ အိပ်လို့ ယောကျာ်းတို့ ဘုန်း လက်ရုံးဆိုပြီး ဘုန်းကံနိမ့်တယ် ဆိုတာက စိတ်နဲ့သာ ဆိုင်ပါတယ် ဘုန်းမနိမ့်ဘူး မဟုတ်ပါဘူး

ကိုယ်က ဘုန်းနိမ့်တယ် “ထင်” ရင် နိမ့်ပါတယ် မနိမ့်ဘူး “ထင်” ရင် မနိမ့်ပါဘူး

နည်းနည်းများ ရှုပ်သွားသလား မသိဘူး

တော်တော်လဲ ရှုပ်သွားမယ် ထင်ပါတယ်………

ဟုတ်ပါတယ် အဲဒီ “ထင်” ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်တာပါ…

ဥပါဒါန် ကြောင့် ဘေးဥပါဒ် ရောက်တတ်ပါတယ်

ကိုယ့်စိတ်က နိမ့်တယ်ထင်ရင် အဲဒီ စိတ်ကထင်လိုက်တာနဲ့ အကောင်းဘက်ကို အတွေးမရှိတော့ပါဘူး

မဟုတ်တဲ့ ခံစားချက်တွေနဲ့ စိတ်အလိုမကျဖြစ်စေပြီး လူကို ထိခိုက်စေတာပါ…

အဲ့ဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ….

လူကို သတ်လို့မသေတောင် စိတ်ကို သတ်လို့သေမှတော့ လူလဲ မခံနိုင်ပါဘူး…………

မိန်းမသားတွေဟာ ဘာဖြစ်လို့ ဘယ်ဘက်မှာပဲ အိမ်ခွင့်ရလဲ ဆိုတာ အဖြေက အရမ်းကို နူးညံ့ကြင်နာကြည်နူးဖို့ ကောင်းပါတယ်………

မိန်းမသားတွေလဲ သိသွားပြီး နောက်ဆို ကိုယ့်လင်ယောကျာ်းနဲ့ အိပ်ရင် ဘယ်ဘက်မှာသာ အိပ်ချင်ကြပီး ရင်ခွင်ထဲတိုးချင်နေကြမှာပါ…………

တကယ်တော့ ဘယ်ဘက်မှာ အိပ်ရတယ်ဆိုတာ ချစ်ခြင်းတရားကို ကိုယ်စားပြုပါတယ်………

ရင်ခုန်သံတွေ စတင်ဖြစ်တည်ရာ နှလုံးသားနဲ့ အနီးကပ်ဆုံးနေရာ မှာသာ မိမိချစ်ခင်စုံမက်ရတဲ့ မိန်းမသားကို ထားချင်တဲ့ အတွက် ဘယ်ဘက်မှာ ထား ရင်ခွင်ထဲ ထည့် အိပ်စေခြင်းဖြစ်ပါတယ်………

မိန်းမသားတို့ အနေဖြင့်လည်း ကိုယ်ချစ်ရသူရဲ့ ရင်ခုန်သံစည်းချက်ကလေးတွေကို နားဆင်ရင်း နွေးထွေးတဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတာဟာ လောကနိဗ္ဗာန်စည်းစိမ်ကို ခံစားနေရမှာ အမှန်ပဲ ဖြစ်ပါတယ်………

နတ်ပြည်နိဗ္ဗာန်စည်းစိမ်ဆိုတာဟာလဲ လူ့ဘဝမှာတင် ရရှိနိုင်ပါတယ်ကိုယ်က ယူတတ်ဖို့ပဲ လိုတာပါ ယူတတ်ရင် ရပါတယ်……

ဘဝအမောတွေ ဖြေဖျောက် တမှေးလောက် တော့ ကိုယ်ချစ်ရသူရဲ့ အသည်းတစ်ခြမ်းကိုယ်စားပြု ရင်ခွင်ထဲ အိပ်စက်နားခိုရင်း နောင် အနာဂတ်လမ်းခရီးအတွက် အားမွေးပြီး နှစ်ဦးသား အိပ်ရေးဝလိုက်ကြရအောင်………

လေးစားစွာဖြင့် ခရစ်ဒက် — thutastar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.