ဇင်ရော်မာင်မောင်ရဲ့ “မကြာခင်ယောကျာ်းရပါစေ” ဆုတောင်းစကားကြောင့် အရှက်ပိုခဲ့ရတဲ့ ဝတ်မှုံရွှေရည်

Posted on

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ကိုရီးယားမှာ မင်းသား Ryu Sang Wook နဲ့အတူတူ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကိုရီးယားမှာ ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးပြီးတဲ့နောက် ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်နဲ့ ရိုက်ကူးရေးအဖွဲ့သားတွေက မြန်မာနိုင်ငံကို ပြန်လာနေကြပြီ ဖြစ်ပါတယ်။

 

 

မနေ့ကညကတော့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နောက်ဆုံးကိုရီးယားမှာ ရိုက်ကူးပြီးတဲ့ အမှတ်တရအနေနဲ့ ဒါရိုက်တာ ဇင်ရော်မောင်မောင် ဦးစီးပြီး အဖွဲ့သားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ညစာစားခဲ့ကြပါတယ်။ ထိုညစာစားပွဲမှာ ဝတ်မှုံရွှေရည်နဲ့အတူတူ မင်းသား Ryu Sang Wook တို့ကိုလည်း ပျော်ပျော်ရွှင်ရွှင် တွေ့ရပါတယ်။

 

 

ဒါရိုက်တာကြီး ဇင်ရော်မောင်မောင်က ညစာစားပွဲမှာ အဖွဲ့သားတွေကို ကျေးဇူးတင်စကားပြောရင်း ဝတ်မှုံရွှေရည်ကိုလည်း “မကြာခင် ယောကျာ်းရပါစေ”လို့ ဆုတောင်းပေးခဲ့တာကြောင့် ကစ်ကစ်တစ်ယောက် အရှက်ပိုခဲ့ရပါတယ်။

ဝတ်မှုံရွှေရည်ကို လူကြားထဲမှာ “မကြာခင်ယောကျာ်းရပါစေ” လို့ ဆုတောင်းပေးလိုက်တဲ့ ဇင်ရော်မောင်မောင်

 

 

Ryu Sang Wook ကလည်း နားမလည်ပဲ ရယ်နေရှာတယ်

 

 

ဒါရိုက်တာကြီါ် ဇင်ရော်မောင်မောင်က စ လိုက်တာကြောင့် ဝတ်မှုံရွှေရည်တစ်ယောက် အရှက်ပိုပြီး သူများတွေကို လိုက်ရမ်းနေတာ ချစ်စရာလေးနော်။ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကိုရီးယားမှာ ရိုက်ကူးပြီးပြီဆိုပေမယ့် ကျန်ရှိသေးတဲ့ ဇာတ်ဝင်ခန်းတွေကို မြန်မာနိုင်ငံမှာ ဆက်လက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင် ထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။

 

 

စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်နော်။

Source: Wutt Hmone Shwe Yi’s ig

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.