ဆွဲဆောင်မှုရှိလွန်းတဲ့ ဘာဘီကော်ပတ်ရုပ်မလေးနဲ့ ချွတ်စွတ်တူပြီး စူးရှရှအကြည့်လေးတွေနဲ့ ကျက်သရေရှိလှပနေတဲ့ နေခြည်ဦး

Posted on

ချီချီဆိုပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးနေသူလေးကတော့ Beauty Blogger မလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ အများနဲ့မတူ တစ်မူထူးခြားတဲ့ ဖန်တီးမှုအသစ်လေးတွေနဲ့ ပရိသတ်တွေကို စိတ်လှုပ်ရှားစေတဲ့သူမက အခုဆိုရင် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အနုပညာလောကမှာ ရပ်တည်နေပြီဖြစ်ပါတယ်။  

အလှအပ၊ဗဟုသုတရေးရာနဲ့ပတ်သတ်ပြီး အားလုံးကို အသိတိုးစေနိုင်တဲ့သူမက Chillies ဆိုတဲ့ အမာခံမိန်းကလေးပရိသတ်တွေကိုလည်း အများအပြား ပိုင်ဆိုင်ထားပါတယ်။သူမကတော့ ချစ်ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ပါဝင်သရုပ်ဆောင်တဲ့အထိ အောင်မြင်နေတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။  

ယနေ့မှာတော့ ချီချီလေးဟာ စူးရှရှအကြည့်လေးတွေနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ဘာဘီကော်ပတ်ရုပ်မလေးလို လှပနေခဲ့ပါတယ်။ သူမကတော့ ပုရိသဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့press showကို တတ်ရောက်လာတာပဲ ဖြစ်ပါတယ်။ အသည်းယားစရာကောင်းပြီး ချစ်စရာကောင်းလွန်းတဲ့ ချီချီလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

source:နေခြည်ဦး
ခရက်ဒစ် myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.