ဆဲတဲ့သူတွေ ဝေဖန်သူတွေကို စောင်းပြီး သီချင်းလုပ်မယ်လို့ဆိုလိုက်တဲ့ ပိုပို

ပရိသတ်တွေကြားထဲမှာ လွန်ခဲ့တဲ့နှစ်တွေကတည်းက တမူထူးခြားတဲ့ အသံလေးနဲ့ အောင်မြင်မှု ရရှိခဲ့တဲ့ အဆိုတော် ပိုပိုကိုတော့ သိကြမှာပါ။ ပိုပိုကတော့ ယခုနောက်ပိုင်းမှာတော့ ပိုပို တယောက်ကတော့ ပိုပြီးတော့ အောင်မြင်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပိုပိုတယောက်ပွဲတွေမှာ သီချင်းတွေဆိုတာများပြီး သီချင်းသစ်ကတော့သိပ်မထွက်လာသေးပါဘူး။ သူ့အနေနဲ့ လာမယ့် သီချင်းတွေမှာတော့ သူ့ကို ဝေဖန်တဲ့သူတွေကို စောင်းပြီးဆိုထားတဲ့ သီချင်းလေးတွေ ထည့်မယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

 

 

ပိုပိုကတော့ MC နဲ့ အင်တာဗျူးမှာတော့ “သီချင်းတပုဒ်ဖန်တီးတော့မယ်ဆိုရင် ပိုပိုက စိတ်ကူးထဲမှာ အရင်ဖန်တီးတာ များတယ်။ အချိန်တော့ နည်းနည်းယူတယ်။ ဘယ်လိုရေးမလဲ။ ဘယ်လိုရိုက်မလဲပေါ့။ စာသားရော ဘယ်လိုမိုက်အောင် ရိုက်မလဲဆိုတာကို စဉ်းစားပြီးတော့ တွဲပြီးရေးတာ။ လူတွေရဲ့ အတင်းပြောတဲ့ဟာလေးတွေကိုလည်း ထည့်မယ်။

လူတွေရဲ့ စိတ်သဘောထားလေးတွေ ကိုယ်မကြိုက်တဲ့အရာလေးတွေပေါ့။ အဲ့ဒါလေးတွေကို ဂေါ်ဂေါ်လေးတော့ ဖန်တီးမယ်လို့ စိတ်ကူးထားပါတယ်။ ကိုယ်လုပ်ဖူးတဲ့ သီချင်းတွေနဲ့ မတူတဲ့ဟာလေးတွေကို ကြိုးစားဖန်တီးမယ်လို့ စဉ်းစားထားပါတယ်”

 

 

“မထင်မှတ်ထားတဲ့ အဆိုတော်တယောက်နဲ့လည်း ဆိုမှာပါ။ ရင်တွင်းဖြစ်ကတော့ ပါပါမယ်။ တချို့လူတွေရဲ့ အတင်းပြောတာတွေကို ပိုပိုတို့က ခံရတယ်။ သူတို့ကို မုန်းလို့ ပြောတာတော့ မဟုတ်ဘူး။ နည်းနည်းလေးတော့ လူတွေရဲ့ ဒေါသထွက်တဲ့အချိန်မှာ လာပြောနေရင်တော့ ဒေါသထွက်လာမှာပဲ။

အဲ့ဒါတွေက အနုပညာရှင်ဖြစ်တာကြောင့် မြိုသိပ်ထားရတယ်။ လာဆဲတိုင်းသွားဆဲလို့ မရပါဘူး။ ဝေဖန်မှုတွေ များလာတယ်။ ဆဲလာတာတွေများလာရင်တော့ သူတို့ကိုစောင်းပြီးတော့ သီချင်းတပုဒ်လောက်တော့ ရေးရမှာပေါ့”

 

 

ပရိသတ်တွေအတွက် အမှတ်တရစကားနဲ့ ပတ်သက်ပြီး “အားပေးတဲ့ပရိသတ်တွေလည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုမချစ်တဲ့ ပရိသတ်တွေလည်း ဘာမှမဖြစ်ပါဘူး။ လမ်းမှာတွေ့ရင်လည်း ခေါ်ပါ။ အဲ့အချိန်ကျရင် ပိုပို့စိတ်ကိုသိပြီး ချစ်သွားပါလိမ့်မယ်။ မချစ်လည်း ဘာမှတော့ မဖြစ်ပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

Source;Nanmalgyi

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.