ဆရာလေး ဝိမလညာဏီ ဘွဲ့အမည်နဲ့ သာသနာဘောင်ကို ယနေ့မှာ ဝင်ရောက်သွားခဲ့ပြီဖြစ်တဲ့ ဝိုင်းလေး

Posted on

ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးတစ်ဦးဖြစ်သလို ပုရိသတွေရဲက အချစ်တော်လေးသာမက မိန်းကလေးတိုင်းကပါ အားကျရတဲ့ စံပြအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဝိုင်းလေးကတော့ ယခုမှာ သီချင်းအသစ်တွေင်္လဲ ထွက်ရှိထားပါတယ်။ ဝိုင်းလေးကတော့ ချစ်စရာကောင်းလွန်းပြီး ဟန်ဆောင်မှုကင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရယူထားနိုင်တဲ့ အဆိုတော်မလေးပဲဖြစ်ပါတယ်။

အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေ အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော်လေး အဆိုတော်ဝိုင်းလေးကတော့ အသံပါဝါကောင်းကောင်းနဲ့သီဆိုတတ်သူလေးပဲဖြစ်ပါတယ်။ ဝိုင်းလေးကတော့ မကြာခင်က မွေးနေ့ရက်မြတ်လေးကို ကျရောက်လာခဲ့ပြီး မွေးနေ့လေးမှာ စက်စက်ယို ရွာလေး က ဆံရစ်ဝိုင်းလေးတွေနဲ့ ကလေးလေးတွေဆီအလည်သွားရင်း အလှူငွေ နဲ့ ကြက်သားဆန်ပြုတ် လှူဒါန်းပြီး အလိုတော်ပြည့်ကျောင်းမှာ နေ့ဆွမ်း လှူဒါန်းခဲ့ပါတယ်။

ယနေ့မှာတော့ ဝိုင်းလေးဟာ ဆရာလေး ဝိမလညာဏီ ဘွဲ့အမည်နဲ့ သာသနာဘောင်ကို ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ သူမရဲ့ သာသနာကို အကျိုးပြုချင်တဲ့ဆန္ဒပြည့်ဝသွားခဲ့ပြီး ” ဆရာလေး ဝိမလညာဏီ သာသနာပြုဖို့ ယနေ့ယခု ဆန္ဒပြည့်ဝပါပြီ “ဆိုပြီးရေးသားထားခဲ့ပါတယ်။ ဆရာလေး ဝိမလညာဏီရဲ့ သာသနာဘောင်ကိုဝင်ရောက်သွားတဲ့ ပုံလေးကိုဖော်ပြပေးလိုက်ပါတယ်။

SOURCE:ဝိုင်းလေး 
ခရက်ဒစ် myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.