၂၂-၇-၁၉ မှ ၂၇-၇-၁၉ ထိ တစ်ပတ်စာဟောစာတမ်း
တနင်္ဂနွေ သားသမီးများအတွက်
🌞🌞🌞🌞🌞🌞🌞🌞🌞
အလုပ်အကိုင် အစီးအပွား ကံအားနဲနေသည့် ကာလဖြစ်သည်။ စက်ပစ္စည်း ရွှေထည် ကိစ္စရပ်များ အကျိုးဖြစ်ထွန်းမည်။ ကြီးကဲသူများနှင့် ပတ်သက်၍ စိတ်ညစ်ရကိန်း ရှိသော်လဲ ငယ်သူများ၏ အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ မိမိကံ မှာ အားနဲနေသဖြင့် အစစသတိထား လုပ်ဆောင်ပါ။ ပညာရေးကံ မညံ့သော်လဲ စိတ်ဆိုးရခြင်း ရန်ပေါ်ခြင်း ဖြစ်တတ်ပါသည်။ ခေါင်မူး ခေါင်းကိုက် ဇက်ကြောတက် ဖြစ်တတ်ပေရာ သတိပြုပါ။ အပူအစပ်များ အလွန်အကျွံ့စားရာမှ ဥပါဒ်ပေါ်တတ်ပါသည်။ အချစ်ရေး ကိစ္စများ မငြိမ်မသက် ဖြစ်နေလိမ့်မည်။ အိမ်ထောင်ရေးတွင် ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ အကျိုးကျေးဇူးခံစားရမည်၊ ဇနီးဖြစ်သူကြောင့် စိတ်ဖိစီးရတတ်ပါသည်။
ယတြာ။ ။ ပိုလျှံနေသော အိတ်အဟောင်း ဦးထုပ်အဟောင်းများ စွန့်ပစ်ပါ။ ဘုရားတွင် သပြေညွှန့်များ သပ္ပာယ်အောင် ကိုယ်တိုင်ပြင်ဆင်တင်လှူပါ။
တနလာင်္ သားသမီးများအတွက်
🐯🐯🐯🐯🐯🐯🐯🐯🐯
စိတ်ချမ်းသာ ပျော်ရွှင်ရမည့် ရက်သတ္တပတ် ဖြစ်ပါသည်။ သူတပါးတို့ အလုပ်တာဝန်များကို မိမိက ကူညီ လုပ်ဆောင်ပေးနေရတတ်သည်။ မိတ်ဆွေများ၏ အကူအညီကိုတော့ သိပ်မရပဲ ဖြစ်တတ်သည်။ ကောင်းသော ခရီးစဉ်များ ဖြစ်ပေါ်လာကိန်း ရှိသည်။ ပညာရေးတွင်တော့ အခါခါ ကြိုးစားလေ့လာမှ အဆင်ပြေမည်။ ညီကိုမောင်နှမများနှင့် မသင့်မမြတ်ဖြစ်တတ်သည်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စပျော်ရွှင် စန်းပွင့်မည်။ အိမ်ထောင်ရှိသူများ အနေနှင့်လဲ အိမ်ထောင်ကံသင့်သည်ကို တွေ့ရမည်။
ယတြာ။ ။ ရဟန်းသံဃာသီလရှင်အား ဆေးဝါးပစ္စည်းတခုခု လှူဒါန်းပါ။
အင်္ဂါ သားသမီးများအတွက်
🦁🦁🦁🦁🦁🦁🦁🦁🦁
အနဲငယ်သော အခက်အခဲလေးများ ကြုံတွေ့ရစေကာမူ အဆင်ပြေ စိတ်ချမ်းသာရမည်။ မိခင်ဖခင် တို့နှင့် သဘောထားကွဲ လွဲခြင်းအပြင် ကြီးကဲသူများနှင့် ပတ်သက်၍ စိတ်ညစ်ရကိန်းရှိသည်။ ဥပဒေပိုင်း ဆိုင်ရာ ကိစ္စများ အကျိုးရှိမည်။ သီလထိန်းကုသိုလ်ပြု၍ နတ်မြတ်နတ်ကောင်းများကို တိုင်တည်ပြီး ကိစ္စရပ်များ လုပ်ဆောင်ပါက ပိုမိုအဆင်ပြေမည်။ ပညာရေးကံ မညံ့သော်လဲ စိတ်ဆိုးရခြင်း ရန်ပေါ်ခြင်း ဖြစ်တတ်ပါသည်။ အစပ် အငန် လျော့စားပါ။ အချစ်ရေးတွင် သောကရောက်ကိန်း ကြုံရတတ်သလို အိမ်ထောင်ရေးတွင်လဲ အပြန်အလှန် နားလည်ညှိနှိုင်းမှု လိုအပ်ပါသည်။
ယတြာ။ ။ ဘုရားစေတီများ၌ လျှပ်စစ်မီးအလှူခံပုံးအတွင်း အလှူငွေထည့်ဝင်ပူဇော်ပါ။ အင်္ဂါဂြိုလ်တိုင်ထောင့်တွင် ဒါန်းညွှန့် လှူဒါန်းပါ။
ဗုဒ္ဓဟူး သားသမီးများအတွက်
🐘🐘🐘🐘🐘🐘🐘🐘🐘
ကုသိုလ်ကောင်းမှုများ အားထုတ်လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုများကြားမှ အောင်မြင်မှု ရရှိလိမ့်မည်။ အလုပ်အကိုင် တိုးတက် ဖြစ်ထွန်းလိမ့်မည်။ သို့သော် ငွေးကြေးဆုံးရှုံးနစ်နာကိန်း ရှိသဖြင့် သတိထား ဂရုပြုပါ။ ပညာရေးနှင့် ပတ်သက်၍ စိတ်ညစ်ရတတ်သဖြင့် အထူးပြင်ဆင်ကြိုးစား ဖြတ်ကျော်ရပါမည်။ အချို လျော့စားပါ။ မိတ်ဆွေများက မိမိကို အထင်လွဲမှား တတ်ပေသည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် သူတပါးကြားဝင် နှောက်ယှက်မိခြင်း ကြုံရတတ်သည်။ အိမ်ထောင်ရေးတွင် ဇနီးဖြစ်သူနှင့် သြဇာလုငြင်းခုန်ရကိန်းရှိပြီး ခင်ပွန်းဖြစ်သူနှင့် အခါခါ ပြောဆိုညှိနှိုင်းရတတ်ပါသည်။
ယတြာ။ ။ ရဟန်းသံဃာ သီလရှင်အား ကြက်ဥဖြင့် ပြုသော စားစရာလှူဒါန်းပါ။ ဗုဒ္ဓဟူးထောင့် ဘုရားတွင် အုန်းညွှန့်တင်လှူပါ။
ရာဟု သားသမီးများအတွက်
🌪🌪🌪🌪🌪🌪🌪🌪🌪
စိတ်ရော ကိုယ်ပါ မတည်မငြိမ်ဖြစ်နေမည်။ အလုပ်ကိစ္စများကို တကြိမ်တည်းနှင့် မပြီးပြတ်ပဲ အခါခါ လုပ်ဆောင်ကြိုးရတတ်ပါသည်။ ထိုက်တန်ကောင်းမွန်သော ကိစ္စရပ်များအတွက် ငွေကုန်ကြေးကျရှိမည်။ မိမိပိုင် ရုပ်သံထွက်ပစ္စည်းများ ချို့ယွင်းပျက်စီးခြင်း ဖြစ်တတ်သည်။ ပညာရေးကံပွင့်လန်းသောကြောင့် သိလွယ်တတ်လွယ် ဖြစ်နေမည်။ အချစ်ရေးတွင် အခက်အခဲများကြားမှ စိတ်ချမ်းသာ အောင်မြင်မှုရမည်။ အိမ်ထောင်ရေးကံ အားနဲသော ကာလဖြစ်သဖြင့် သည်းခံခွင့်လွှတ်ကြင်နာပါမှ အဆင်ပြေမည်။
ယတြာ။ ။ ရဟန်းသံဃာသီလရှင်အား ပေါက်ဆီ သို့မဟုတ် ပဲပေါင်မုန့် ကပ်လှူပါ။
ကြာသပတေး သားသမီးများအတွက်
🐀🐀🐀🐀🐀🐀🐀🐀🐀
ကျန်းမာရေးအားနဲခြင်း၊ အစစ ရန်ပေါ်ခြင်း၊ အပြောင်းအလဲများကြုံရခြင်းတို့ ဖြစ်တတ်သည့်အတွက် ကံကောင်းသော ရက်သတ္တပတ်ဟု မဆိုနိုင်ပါ။ သူတပါးအလုပ်ကို ကူညီဝင်ပါမိရာမှ မိမိပါ ဘေးရန်ဥပါဒ်ရောက်ရ တတ်သည်။ သီလထိန်း ကုသိုလ်ပြု၍ နတ်မြတ်နတ်ကောင်းများကို တိုင်တည်ကာ ကိစ္စရပ်များ လုပ်ဆောင်လျှင် ပိုမိုအောင်မြင်လိမ့်မည်။ မိတ်ဆွေများ ၏ အကူအညီကို ထိရောက်စွာ မရနိုင်သေးပါ။ အချစ်ရေး မင်္ဂလာ ကိစ္စများတော့ အဆင်ပြေပါမည်။ အိမ်ထောင်ရေးတွင် ဇနီးဖြစ်သူနှင့် သဘောထား ကွဲလွဲတတ်သည်၊ ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ စိတ်ဖိစီးမှုကြုံရတတ်သော်လဲ ပျော်ရွှင်ရကိန်းရှိပါသည်။
ယတြာ။ ။ ရဟန်းသံဃာသီလရှင်ကို နို့အေးဘူး လှူဒါန်းပါ။
သောကြာ သားသမီးများအတွက်
🌟🌟🌟🌟🌟🌟🌟🌟🌟
စိတ်ရှည်ရှည်ထား ဖြတ်ကျော်ရမည့် ကာလဖြစ်ပါသည်။ အလုပ်သစ်များ ရင်းနှီးမြှပ်နှံခြင်း မသင့်သေးပါ။ မိတ်ကောင်းဆွေကောင်းများ တိုးပွားလိမ့်မည်။ နတ်မြတ်နတ်ကောင်းများ၏ မစစောင့်ရှောက်ခြင်း ခံရတတ်ပါသည်။ ပညာရေးတွင်တော့ အတော်ကြိုးစားပါမှ အဆင်ပြေပါမည်။ အဆီအဆိမ့်များ လျော့စားပါ။ အချစ်ရေးကိစ္စများ၌ အပူသောက ရှိပါမည်။ အိမ်ထောင်ရေးကံ သင့်ပါသည်။
ယတြာ။ ။ ရဟန်းသံဃာသီလရှင်ကို ဆီ လှူပါ။
စနေ သားသမီးများအတွက်
🐉🐉🐉🐉🐉🐉🐉🐉🐉
အစစအရာရာ သတိထားလုပ်ဆောင်သင့်သော ရက်သတ္တပတ် ဖြစ်ပေသည်။ မိမိ အလုပ်အကြံ မှားယွင်းခြင်း၊ ကျန်းမာရေး ညံ့ခြင်း၊ ခိုက်ရန်ဘေးဘယာများနှင့် ကြုံတွေ့ခြင်း ဖြစ်ကိန်းရှိသည်။ ငွေကြေးမစုမိ ဖြစ်တတ်သော်လဲ အကျိုးရှိသော နေရာများတွင် ပိုသုံးဖြစ်နေလိမ့်မည်။ ပညာရေးကံ အကောင်းထဲတွင် ရပ်တည်နေပါသည်။ ဇနီးဖြစ်သူနှင့် တိုင်ပင်လုပ်ဆောင်ပါက အကျိုးရှိမည်။ အချစ်ရေးကံ သင့်ပါသော်လဲ မိသားစုဝင်များက ကန့်ကွက်တတ်သည်။ ခင်ပွန်းဖြစ်သူက စိတ်ဒုက္ခပေးမိ တတ်မည် ဂရုပြုပါ။
ယတြာ။ ။ သိမ်ကုဋီများသို့ သန့်ရှင်းရေးပစ္စည်းများ လှူဒါန်းပါ။
ဉာဏ်စွမ်းဝီရိယစွမ်းတို့ဖြင့်
အစစအဆင်ပြေတိုးတက်ကြပါစေ
Sayar Kyaw Sann Lwin
တိုက်(၉) ပထမထပ် ကမ္ဘာအေးအိမ်ရာ မရမ်းကုန်း
📱09-424455556
လေးစားစွာဖြင့် ခရစ်ဒက် — ဆရာကျော်ဆန်းလွင်-ဝိဇ္ဇာမယိဒ္ဓိ ဗေဒင်ပညာ