အနုပညာရှင်လို့ဖြစ်လာရင် ဘယ်လိုဇာတ်ရုပ်မျိုးပဲဖြစ်ဖြစ် သရုပ်ဆောင်နိုင်ရပါတယ်။ တစ်ခါတလေကျရင် ချမ်းသာတဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်ရသလို ဆင်းရဲတဲ့ဇာတ်ရုပ်ကိုလည်း သရုပ်ဆောင်ရင်သရုပ်ဆောင်ရပါတယ်။ ဇာတ်ရုပ်အမျိုးမျိုးကို သရုပ်ဆောင်နိုင်ရင်တော့ အဲဒီသူကို သရုပ်ဆောင်ကောင်းတစ်ယောက်လို့ခေါ်ထိုက်ပါတယ်။ အခုဖော်ပြပေးမယ့်မင်းသားတွေကတော့ တီဗီဇာတ်လမ်းတွဲတွေမှာ ဆရာဝန်ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်မှုကို ရရှိခဲ့တဲ့ မင်းသားချောတွေပဲဖြစ်ပါတယ်။
Pope Thanawat
Pope Thanawatက Nadech Kugimiya၊ Yaya Urassayaတို့နဲ့အတူ ၂၀၁၁ခုနှစ်ရဲ့ Game Rai Game Ruk မှာ ဆရာဝန် Wattanaအဖြစ် ပါဝင်ခဲ့ပါတယ်။
Boy Pakorn
Boyကလည်း ၂၀၁၃ခုနှစ်တုန်းက မင်းသမီး Bella Raneeနဲ့အတူ တီဗီဇာတ်လမ်းတွဲ ‘Pornprom Onlaweng’မှာ ဆရာဝန်Weeဇာတ်ရုပ်အနေနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။
James Jirayu
မြန်မာပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ မင်းသား James Jirayuက Bellaပါဝင်ထားတဲ့ ၂၀၁၃ခုနှစ်ရဲ့ ‘Suparburoot Jutathep: Khun Chai Puttipat’ ဒရမ်မာမှာ ဆရာဝန်ဇာတ်ရုပ်အဖြစ် ပါဝင်ရင်းနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာပါ။ ပရိသတ်တွေကလည်း အဲဒီဒရမ်မာမှာ သူရဲ့ဇာတ်ရုပ်လေးကို ကြည့်ပြီး ချစ်ခင်နှစ်သက်သွားခဲ့ပါတယ်။
James Ma
James Maက Kimmy Kimberleyနဲ့အတူ ၂၀၁၆ခုနှစ်ရဲ့ Piang Chai Khon Nee Mai Chai Poo Wised ဒရမ်မာမှာ ဆရာဝန် Wat ဇာတ်ကောင်နဲ့ ပါဝင်ခဲ့သလို ၂၀၁၉ခုနှစ်မှာလည်း Yaya Urassayaနဲ့ ပါဝင်ထားတဲ့ Klin Ka Salong ဒရမ်မာအသစ်မှာ ဆရာဝန်အဖြစ် သရုပ်ဆောင်ထားပြန်ပါတယ်။
Mario Maurer
အခုနှစ်မှာတော့ Marioက Kimmy Kimberley ပါဝင်ထားတဲ့ ရှေးခေတ်ဇာတ်လမ်းတွဲ Thong Aek Mor Yah Tah Chalongမှာ ဆရာဝန်ဆိုတဲ့ ဇာတ်ကောင်အသစ်နဲ့ ပရိသတ်တွေကို စိတ်ကျေနပ်စေခဲ့ပါတယ်။
credit-mmingalarbarmorning