ဆင္ေလးေ တြကို ဆင္စာ ဘူေဖးေကြ်းခဲ့တဲ့ သမီးၾကီး ယြန္းဝတီလြင္မိုးနဲ့ သမီးငယ္ ယြန္းနဒီလြင္မိုးရဲ့ စိတ္ကူးေကာင္းတဲ့ အလွဴေလးကို မွ်ေဝလာတဲ့ လြင္မိုး

Posted on

မင်းသားချော လွင်မိုး ကတော့ အသက် (၅၀) အရွယ်ထိတိုင် အနုပညာလောကမှာ လွှမ်းမိုးမှုရှိနေဆဲ မင်းသားချောတစ်ယောက်ပဲ ဖြစ်ပါတယ်။ လွင်မိုးရဲ့ သမီးချောနှစ်ယောက်ဖြစ်တဲ့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို အပြည့်အဝရရှိထားပြီး အာရုံစိုက်ခံရသူလေးတွေပဲ ဖြစ်ကြပါတယ်။ ယွန်းဝတီလွင်မိုးကတော့ ကြော်ငြာ၊ သီချင်း MV နဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆော င်ပေမယ့် ယွန်းနဒီလွင်မိုးကတော့ အနုပညာကို ဝါသနာမပါပဲ ကြော်ငြာအချို့မှာသာ သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လွင်မိုးက ချစ်စရာကောင်းပြီး စိတ်ကူးလေးကောင်းတဲ့ သမီးနှစ် ယောက်ရဲ့ အလှူလေးကို မျှဝေလာပါတယ်။ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်-မော်တင်လမ်း မိုင်တိုင်(၂၀)ရှိ ၊ သစ်ကတိုးအိုင် ဆင်စခန်းမှ ဆင်အိုများအား ဆင်စာဘူဖေးကျွေးမွေးရန် ၁ ရက် ၈၀,၀၀၀..ကျပ်ဖြင့် (၂)ရက်စာ ငွေကျပ် (၁၆၀၀၀၀) ကျပ်တိတိကို လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ယွန်းဝ တီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ ညီအစ်မကတော့ အနေဝေး ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဘာလေးပဲလုပ်လုပ် တိုင်တိုင်ပင်ပင်နဲ့ စိတ်တူကိုယ်တူရှိကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးလေးနဲ့ ဒီဒီးရဲ့ အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Lwin Moe’s fb

zawgyi

မင္းသားေခ်ာ လြင္မိုးကေတာ့ အသက္ (၅၀) အရြယ္ထိတိုင္ အနုပညာေလာကမွာ လႊမ္းမိုးမႈရိွေနဆဲ မင္းသားေခ်ာတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လြင္မိုးရဲ့ သမီးေခ်ာနွစ္ေယာက္ျဖစ္တဲ့ ယြန္းဝတီလြင္မိုးနဲ့ ယြန္းန ဒီလြင္မိုးကလည္း ပရိသတ္ေတြရဲ့ ခ်စ္ျခင္းေတြကို အျပည့္အဝရရိွထားျပီး အာရံုစိုက္ခံရသူေလးေတြပဲ ျဖစ္ၾကပါတယ္။ ယြန္းဝတီလြင္မုိးကေတာ့ ေၾကာ္ျငာ၊ သီခ်င္း MV နဲ့ ရုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္ေပမယ့္ ယြန္းနဒီလြင္မိုးကေတာ့ အနုပညာကို ဝါသနာမပါပဲ ေၾကာ္ျငာအခ်ိဳ့မွာသာ သရုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒီကေန့ မွာေတာ့ လြင္မိုးက ခ်စ္စရာေကာင္းျပီး စိတ္ကူးေလးေကာင္းတဲ့ သမီးနွစ္ေယာက္ရဲ့ အလွဴေလးကို မွ်ေဝလာပါတယ္။ ယြန္းဝတီလြင္မိုးနဲ့ ယြန္းနဒီလြင္မိုးက ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ခ႐ိုင္ ပုသိမ္-ေမာ္တင္လမ္း မိုင္တိုင္(၂၀)ရွိ ၊ သစ္ကတို းအိုင္ ဆင္စခန္းမွ ဆင္အိုမ်ားအား ဆင္စာဘူေဖးေကြၽးေမြးရန္ ၁ ရက္ ၈၀,၀၀၀..က်ပ္ျဖင့္ (၂)ရက္စာ ေငြက်ပ္ (၁၆၀၀၀၀) က်ပ္တိတိကို လွဴဒါန္းေပးခဲ့တာပဲ ျဖစ္ပါတယ္။

ယြန္းဝတီလြင္မိုးနဲ့ ယြန္းနဒီလြင္မိုးတို့ ညီအစ္မကေတာ့ အေနေဝးေပမယ့္ တစ္ေယာက္နဲ့တစ္ေယာက္ ဘာေလးပဲလုပ္လုပ္ တိုင္တိုင္ပင္ပင္နဲ့ စိတ္တူကိုယ္တူ ရိွၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေခးေလးနဲ့ ဒီဒီးရဲ့ အလွဴေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Lwin Moe’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.