စန္ဒကူးနံသာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးမှာ သူမအမြဲဆွဲတဲ့လော့ကပ်သီးကို ဖြုတ်လှူခဲ့တဲ့ နန္ဒာလှိုင်

Posted on

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူမသရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။

အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ခဲ့တဲ့ သူမက ခုဆိုရင် သူမချစ်တဲ့ မိသားစုလေးနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် နန္ဒာလှိုင် ရဲ့ မွန်မြတ်တဲ့ အလှူအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

လတ်တလောမှာ ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်တို့မိသားစု က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာရှိ ကောဏာဂုံမြတ်စွာဘုရားသီတင်းသုံးတော်မူခဲ့ဘူးသောကျောင်းမြေနေရာမှာ တည်ထားကိုးကွယ်ခဲ့ တဲ့ မဟာဃောသိတာရုံစေတီတော်ကြီးကိုပြန်လည်ပြုပြင်ရန်နှင့် ကမ်းပါးပြိုကျမှုမရှိစေရန်အတွက် မြေထိန်းနံရံတည်ဆောက်ရန် အလှူတော်ငွေ သိန်း (1500) ကို တိုင်းဝန်ကြီးချုပ်ထံလှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။နောက်ပြီးနန္ဒာလှိုင်က စန္ဒကူး နံသာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးမှာ သူမအမြဲဆွဲတဲ့လော့ ကပ်သီးကို ဖြုတ်လှူခဲ့တယ်လို့လည်း သိရပါတယ်။

နန္ဒာလှိုင် ရဲ့ ခင်ပွန်းက ချစ်ဇနီးရဲ့ မွန်မြတ်တဲ့ အလှူအကြောင်းကို ခုလို ပြောထားပါတယ်။ “စန္ဒကူး နံသာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးမှာ နန္ဒာ အမြဲဆွဲတဲ့ ဆွဲကြိုးက လော့ကပ်သီးကို ဖြုတ်ပြီးလှူခဲ့သေးတယ်။” လို့ပြောထားပါတယ်။

သရုပ်ဆောင် နန္ဒာလှိုင် ရဲ့ မွန်မြတ်တဲ့ အလှူ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.