စူးရှထက်နဲ့အစ္စဏီအမေတို့ရဲ့တောင်းပန်ကျေအေးပွဲကြီးထဲက ရင်တွင်းစကားသံများ

Posted on

လတ်တလောမှာ ရုတ်တရက် ကျေအေးခြင်းနဲ့ အဆုံးသတ်သွားခဲ့တာ ကတော့ နိုင်ငံကေ
ျာ် အဆိုတော် အစ္စဏီ နဲ့ ဆက်ဆီမော်ဒယ် စူးရှထက် တို့ရဲ့ အမှုပဲဖြစ်ပါတယ်။ ရုတ်တရက် အခုလိုဖြစ်သွားတဲ့ ကိစ္စ အတွက် မီဒီယာတွေရော ပရိသတ်တွေအပေါ်မှာပါ ရိုက်ခတ်မှုတွေရှိခဲ့တာပါ ။

အံ့သြစရာကောင်းတာက စူးရှထက် နဲ့ အစ္စဏီ ရဲ့ မိခင်တို့မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ကြတဲ့ စကားတွေပါ ။စူးရှထက်က တော့ အခုလို တရားမစွဲခင်ကတည်းတိုင်း အစ္စဏီတို့ဘက်က တောင်းပန်မှုကို သဘောထားကြီးစွာမျှော်လင့်ခဲ့တယ်လို့ဆိုပါတယ်။ ရန်ကိုရန်ခြင်း မတုန့်ပြန်ချင်ဘူးဆိုတဲ့ စူးရှထက်တစ်ယောက် အစ္စဏီပြန်လည်လွတ်မြောက်လာရင်လည်း ပြန်လည်အားပေးဖို့ ပရိသတ်တွေကိုတောင်းဆိုခဲ့ပါသေးတယ်။ လျော်ကြေးတပြားမှ ယူမထားပါဘူးလို့လည်းဆိုပါတယ် ။ အစ္စဏီအမေ ကတော့ တောင်းပန်ခိုင်းတယ်ဆိုရင် တောင်းပန်ရမှာပေါ့ ၊ အန်တီကတော့ အမေပဲလေ သားလည်း တောင်းပန်မှာပါ ။ ဒီကိစ္စမှာဘာအကန့်မှ မပါပါဘူး ။ အန်တီတို့က မေတ္တာထားတဲ့ အတွက် မေတ္တာရောင်ပြန်တယ် လို့ဘဲ သဘောထားပါတယ် လို့ ဖြေဆိုခဲ့တာပါ ။

 

အစောကြီးကတည်း က တောင်းပန်လိုက်တယ်ဆိုရင် အခုလို မဖြစ်သင့်တာတွေ မဖြစ်တော့ဘူးလို့ဆိုနိုင်ပေမယ့် နှစ်ဘက်တင်းမာခဲ့တဲ့ ကိစ္စတွေလည်းဖြစ်ပေါ်ခဲ့တဲ့အပေါ် ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ကြရတာပါ ။ ကဲ ပရိသတ်ကြီးလည်း အပြုံးပန်းတွေဆင်နိုင်ခဲ့တဲ့ အစ္စဏီနဲ့ စူးရှထက်တို့အတွက် မှတ်ချက်ကနေတစ်ခုခု ပြောပေးခဲ့ကြပါဦး။
Source – Akon Thi
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.