Source…Phyu Phyu Htwe’s Facebook
ယူနီကုဒ်ဖြင့်ဖတ်ရန်
စုဆောင်းထားတာလေးနဲ့ ရွာအတွက်အလှူဒါန်းလိုက်တဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်လေး …
CeleConnectionsပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ သရုပ်ဆောင်အလုပ်ပါလုပ်ကိုင်နေတဲ့ ဖြူဖြူထွေးကိုတော့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဖြူဖြူထွေးကတော့ ချစ်စရာကောင်းလွန်းတဲ့မျက်နှာနဲ့ ပွင့်လင်းစွာပြောတတ်တဲ့အမူအကျင့်လေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့သူတစ်ဦးဆိုလည်းမမှားလောက်ပါဘူးနော်။ မိဘကိုလုပ်ကျွေးနေပြီး ပရိသတ်တွေရဲ့အချစ်ကိုပိုမိုရရှိအောင်နေနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
ဖြူဖြူထွေးကတော့ ခေတ်စားနေတဲ့tik tokလေးကိုဆော့ကာ tik tokဆယ်လီမလေးအဖြစ်ပါဝင်နေတဲ့သူတစ်ဦးပါ။ သူမကတော့ ချစ်ရတဲ့ပရိသတ်တွေကို ဟာသလေးတွေနဲ့ ချစ်စရာကောင်းတဲ့အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လေ့ရှိပါတယ်။
မတ်လ(၂၅)ရက်နေ့မှာ ဖြူဖြူထွေးကတော့”ပီတိ တွေက ဖြူဖြူထွေးစိလို့တောင်မရဘူး”ဆိုကာ သူမရဲ့ချွေးနှဲစာလေးနဲ့ ရွာသူရွာသားတွေအတွက် အင်္ကျီလေးတွေမဲဖောက်ကာ ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို ဗီဒီယိုလေးရိုက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။သူမကတော့ မိဘကိုလုပ်ကျွေးနေပြီး ရသမျှချွေးနှဲစာလေးထဲကမှ ပရိသတ်တွေအတွက်အလှူဒါနလေးတွေကို ပြုလုပ်ပေးလေ့ရှိတာပါပဲနော် ပရိသတ်ကြီးတို့ရေ။
Cele Connectionsပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ စေတနာသဒါ္ဒစရာကောင်းလွန်းလှတဲ့ဗီဒီယိုလေးကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း ဖြူဖြူထွေးကိုချစ်တယ်ဆိုရင်မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။
Soure…Phyu Phyu Htwe’s Facebook
Angella(CeleConnections)
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.