စုဖုရားလတ် နေရာမှာ ပါဝင် သရုပ်ဆောင်ရတော့မည့် ဝတ်မှုန်ရွှေရည်

Posted on

စုဖုရားလတ် နေရာမှ သရုပ်ဆောင်ရတော့မည့် ဝတ်မှုန်ရွှေရည်

လက်ရှိ မြန်မာ့သရုပ်ဆောင်မင်းသမီးတွေထဲမှာပရိသတ်ဝန်းရံမှုအများဆုံးထဲက တစ်ယောက် အပါအဝင်ဖြစ်တဲ့ဝတ်မှုန်ရွှေရည် ကတော့ ပြီးခဲ့တဲ့ လ ကုန်ပိုင်းတုန်းကကိုရီးယားနိုင်ငံ မှာသွားရောက်ပြီး Asia Special Award ကိုလည်း ပေးအပ်ချီးမြှင့်ခြင်းကို ခံထားရတဲ့သူတစ်ယောက် လည်းဖြစ်ပါတယ်။အခုမြန်မာရာဇဝင် ဇာတ်လမ်းတစ်ခုမှာ လည်းပါဝင်သရုပ်ဆောင်တော့မယ်လို့ ကြားသိထားရပါတယ်။

မြန်မာ့ရာဇဝင်ထဲက မြန်မာတွေမတွက်ယူကျုံးမရအဖြစ်ရဆုံးကာလတစ်ခုလို့ ပြောလို့ရတဲ့ ကိုယ့်ထီးနန်းကို သူတပါးလက်ထဲရောက်အောင်တွန်းပို့ခဲ့သူသမိုင်းတရားခံရယ်လို့လူတချို့ပြစ်တင်ပြောဆိုခဲ့ကြတဲ့ စုဖုရားလတ်နေရာကနေသရုပ်ဆောင်မယ်လို့လည်း သိရပါတယ်။စုဖုရားလတ် ရဲ့ဇာတ်ရုပ်ကတော့ပီပြင်အောင်သရုပ်ဆောင်နိုင်ရင်တော်တော်လူမုန်းများမယ့် ကာရိုက်တာတစ်ခုပါ ။အခု ပြောချင်လွန်းလို့ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ အကြောင်းလေးကတော့ ဝတ်မှုန်ရွှေရည် နဲ့ Myanmar Celebrity နဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းလေးတွေပဲ ဖြစ်ပါတယ်။

စုဖုရားလတ် ဇာတ်ရုပ်အနေနဲ့ ရိုက်ကူးမယ့် ဇာတ်လမ်းအခြေအနေကိုလည်း“အဲ့ဒါကလုပ်နေတုန်းပေါ့ processကလည်း လုပ်နေတုန်းပေါ့ ဇာတ်ကလည်း သေချာပြင်ဆင်မှရမယ့်ဇာတ်ဖြစ်နေတော့ ။ ကြီးတော့ပြင်ဆင်နေတယ်။ ဒါပေမယ့် ဘာမှ Ready မဖြစ်သေးပါဘူး ။ရင်ခုန်တာကတော့ အရမ်းပေါ့”ဆိုပြီးပြောပြသွားပါတယ်။

ဒဏ္ဍာရီမိုးဇာတ်လမ်းနဲ့ ပတ်သက်ပြီးတော့လည်း “ဒဏ္ဍာရီမိုးကိုတော့အချစ်ကားကောင်းကောင်းလေး ကြည့်ချင်တဲ့သူတွေလာကြည့်ပါလို့ အပြင်ကအသံတွေကိုလည်း ကြားချင်ပါတယ်လို့သူကအရမ်းကိုအချစ်ကြီးတယ်သံယောဇဉ်ကြီးတယ်အဲ့လိုကောင်မလေးမျိုးပေါ့အပြင်ကစ်လည်းသံယောဇဉ်ကြီးပါတယ် အချစ်ကြီးပါတယ်။ရုပ်ရှင်ကြည့်ပြီး ဆုံးဖြတ်ကြပါကိုရဲတိုက်ပရိသတ်တွေကတော့ စိတ်တိုင်းကျမှာပါ တအားကို။”ဆိုပြီးပြောပြသွားပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုကိုလည်း “ရုပ်ရှင် ဘယ်နှကား ဇာတ်တွေရွေးရမှာ တိုင်ပင်ရမှာတွေ ရှိပါသေးတယ် ။ ရုပ်ရှင်seriesလည်းပြောထားတယ်ရှိပါတယ်။ ဇာတ်လမ်းကမသေချာသေးလို့အသိမပေးသေးတာပါ ဇာတ်လမ်းတွဲကိုလည်း စိတ်ဝင်စားပါတယ် နိုင်ငံတကာမှာလည်းဇာတ်လမ်းတွဲတွေ စိတ်ဝင်စားကြတယ်ကြိုက်ကြတယ်။ ဒီမှာလည်း ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေ ရိုက်စေချင်ပါတယ်”ဆိုပြီး ဖြည့်စွက်ပြောပြသွားခဲ့ပါတယ်။

ဒီသတင်းလေးကို ဖတ်ပြီးမိတ်ဆွေတို့ရဲ့ အမြင်လေးတွေကိုလည်း ပြန်လည်ဝေမျှသွားကြပါဦး ခင်ဗျာ ။

Source: နာမည်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.