





ယူနီကုဒ်ဖြင့်ဖတ်ရန်
စိုးရိမ်မလွန်ပဲ ကျန်းမာရေးနဲ့အညီစနစ်တကျနေထိုင်ဖို့ တိုက်တွန်းလာတဲ့ မိုးမိုး …

မြန်မာနိုင်ငံနာမည်ကြီးအဆိုတော်တွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ မိုးမိုးကိုတော့ ပရိသတ်တွေသိပြီးလောက်မယ်ထင်ပါတယ်။ မိုးမိုးဟာဆိုရင် သီချင်းတွေကို ကိုယ်တိုင်ရေးကိုယ်တိုင်သီဆိုလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိလာတာပါပဲဖြစ်ပါတယ်။ မိုးမိုးရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ “အသက်လေးဆယ်”သီချင်းကတော့ အခုချိန်ထိကို ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့သီချင်းတစ်ပုဒ်ဆိုလည်းမမှားလောက်ပါဘူးနော်။

မိုးမိုးရဲ့အိမ်ထောင်ရေးလေးဟာဆိုရင် ချစ်ခင်ယုယတတ်တဲ့ ဇနီးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးတို့နဲ့ သာယာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ မိုးမိုးကတော့ သူ့ရဲ့ဇနီးနဲ့သမီးလေးတို့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ မတ်လ(၂၅)ရက်နေ့မှာ မိုးမိုးက”အဖျားရောဂါပိုးရှိလို့ဆေးရုံ ဆေးပေးခန်းပြဖို့ မကြောက်ကြပါနဲ့၊တခြားအဖျားတွေအများကြီး ဖြစ်နိုင်ပါသေးတယ်။ဆေးစစ်လိုက်လို့ သံသယရှိဖွယ်လူနာဖြစ်ရင်လဲ
မလန့်ပါနဲ့ဦး မြန်မာပြည်ကွာရန်တိုင်းလူနာတွေထဲကအခုထိ ပိုဇေးတစ် လူနာမရှိသေးပါဘူး။တကယ်လို့များ ပိုးဇေးတစ် ဖြစ်နေရင်လဲ၊စိတ်သိပ်မပူပါနဲ့ နိုင်ငံတကာမှာ သေဆုံးကြသူတွေအများစုဟာအချိန်မီကုသမခံရတဲ့အတွက် သေဆုံးရတာပါအခုလို လူနာအရမ်းနည်းချိန် ထိပ်ဆုံးကကုသ ခံရဖို့ အလားလာရှိတဲ့အတွက် ပျောက်ကင်းဖို့၉၀ ရာခိုင်နှုန်း ခန့်ရှိပါတယ်။ဒါကြောင့်.. ဘာပဲဖြစ်ဖြစ် အခြေအနေအရမ်းနေဆဲမို့၊ကြောက်လန့်မနေဘဲ စည်းစနစ်ကျကျလုပ်ဆောင်ကြပါစို့”ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ သူကတော့virusစဖြစ်တဲ့ပုံနဲ့ တစ်စုတစ်စည်းတိုက်ဖျက်နိုင်ရန် လှုံ့ဆော်ပေးလိုက်တာပါပဲနော် ပရိသတ်ကြီးတို့ရေ။

CeleConnectionsပရိသတ်တွေအတွက် မိုးမိုးက ကြောက်နေမှာဆိုလို့ အကြံပြုစာလေးတွေကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း မိုးမိုးရဲ့လမ်းညွှန်ပေးချက်လေးကို လိုက်နာကြမယ်ထင်ပါတယ်နော်။

Soure…Moe SiThu Kyaw’s Facebook
Angella(CeleConnections)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.