စိုင်းစိုင်း ရဲ့ တင့်တင့် နှုတ်ခမ်းနီလေးကိုဆိုးပြီး Beauty Blogger လေးလို ကြော်ငြာပေးလိုက်တဲ့ ဇော်ဝင်းထွဋ် ရဲ့မြေးမလေး

Posted on

အခုအချိန်ထိ ပရိသတ်တွေကြားမှာ နာမည်ကြီးလူကြိုက်များတဲ့ နိုင်ငံကျော်အဆိုတော် တစ်ဦးဖြစ်တဲ့ Rocker ကြီး ဇော်ဝင်ထွဋ် ဟာဆိုရင် သူ့ရဲ့ကောင်းလွန်းလှတဲ့အသံပါဝါကြောင့် သူ့ကိုအားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ လက်ရှိမှာလည်း သူ့ရဲ့သီချင်းလေးတွေက လူကြီးလူငယ်ကြားမှာ နာမည်ကြီးနေဆဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် အဆိုတော်ကြီး ဇော်ဝင်းထွဋ် ရဲ့မြေးမလေး ကေသရာ ရဲ့ ချစ်စရာကောင်းတဲ့ Video File လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

 

 

ဇော်ဝင်းထွဋ်ရဲ့ သမီးလေး ၀င်းထွဋ်တာရာ ကမွေးထားတဲ့ ချစ်စရာကောင်းတဲ့ သမီးလေး ကေသရာ ဟာဆိုရင် ချစ်စရာအရမ်းကောင်းပြီး ပရိသတ်တွေ ချစ်ခင်ခြင်းကိုခံနေရသူလေးပါ။ ကေသရာလေးက သွက်လက်ပြီးစကားပြောကောင်းတဲ့ ကလေးကလေးတစ်ဦးဖြစ်တာကြောင့် အဖိုးဖြစ်သူ ဇော်ဝင်းထွဋ် ရဲ့အချစ်အနှစ်ကလေးပဲ ဖြစ်ပါတယ်။

ကေသရာ လေးက သီချင်းဆိုရတာလည်း ကြိုက်သလို အလှပကိုလည်း စိတ်ဝင်စားသူလေးပါ။ သူမက မိခင်ဝယ်ပေးတဲ့ စိုင်းစိုင်းရဲ့အသစ်ထွက်ရှိထားတဲ့ တင့်တင့် နှုတ်ခမ်းနီလေးကို ဆိုးပြီး Beauty Blogger လေးတစ်ဦးလို မိတ်ဆက်ကြော်ငြာပေးခဲ့တာပဲဖြစ်ပါတယ်။ကေသရာလေးရဲ့ နှုတ်ခမ်းနီ review လေးကိုတွေ့ပြီး စိုင်းစိုင်းကလည်း ” Beauty Blogger တစ်ယောက်ရဲ့ အမှန်တကယ် သုံးစွဲပြီးပြောထားတဲ့ review လေးပါ ခင်ဗျာ” ခုလိုပြောထားပါသေးတယ်။

ကေသရာလေးရဲ့ချစ်စရာကောင်းတဲ့ Video File လေးကို ချစ်တဲ့ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ဖိုးဖိုး ရဲ့ အသဲကြော်လေး ကေသရာ

ကေသရာ ရဲ့ video file လေး

အဆိုတော် ဇော်ဝင်းထွဋ် ရဲ့မြေးမလေး ကေသရာ ရဲ့ချစ်စရာကောင်းတဲ့ Video File လေးကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;win htut tara
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.