Source : Lwin Moe
ယူနီကုဒ်ဖြင့်ဖတ်ရန်
စိုက်ပျိုးထားတဲ့pot lily ပန်းတွေ အောင်မြင်ကြောင်း ဝေမျှလိုက်တဲ့ လွင်မိုး …
CeleConnections ပရိသတ်ကြီးရေနိုင်ငံကျော်သရုပ်ဆာင်မင်းသားကြီးလွင်မိုးကတော့ တခေတ်တစ်ခါ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ မင်းသားကြီးပါပဲနော်။ အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုရပ်နားကာ မိသားစုကိုအချိန်ပေးကာ နေထိုင်နေတဲ့သူလည်းဖြစ်ပါတယ်။ အနုပညာပိုင်းကို မလုပ်ကိုင်တော့ပေမယ့် စီးပွားရေးလုပ်ငန်းတွေကို ဘက်ကို အာရုံစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင်သမီးအကြီး ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးလေး ဖြစ်တဲ့ယွန်းဝတီလွင်မိုးကတော့ အိမ်ထောင်ကျကာ သားဦးလေးရရှိခဲ့တာကြောင့် မြေးလေးကို ထိန်းကာ အားလပ်ချိန်တွေ အချိန်တွေကုန်ဆုံးနေကြောင်းလည်း လူမှုကွန်ရက်စာမျက်နှာမှာ မကြာမကြာဖော်ပြတတ်ပါသေးတယ်။ ယခုဖြစ်ပွားနေတဲ့ Corona ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေကို သတင်းအချက်တွေဝေမျှပေးနေတာလည်းတွေ့ရပါတယ်။
ဒီနေ့မှာတော့ ” ဒီနှစ်မှ စမ်းသပ်စိုက်ပျိုးထားတဲ့…pot lily အောင်မြင်ပါပြီ။ နောက်နှစ် တွင်တွင်ကျယ်ကျယ်စိုက်ပါမည်။အိုးပါပြီးသားပါ….အပင်သေးသည်..အပွင့်အနည်းငယ်သေးသည်…အိုးအတွင်းပန်းဥပါ ၍ ပိုအထားခံပါသည်..။ ” ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း အခုလိုစိတ်ညစ်နေကြတဲ့အချိန်မှာ လွင်မိုးရဲ့ စိတ်ချမ်းသာစရာသတင်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။
Source : Lwin Moe
Candy -CeleConnections
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.