စိတ်ကောက်မပြေသေးတဲ့ ချစ်ဇနီးချောလေး ပိုင်ဖြိုးသုကို ချော့ရခက်တဲ့အကြောင်းပြောလာတဲ့ ဏကြီး
Posted on
အမြဲတမ်းပြုံးပျော်ရွှင်လွန်းတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကို ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်နော်။ ပိုင်ဖြိုးသုကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို စိတ်ထဲနှစ်ကာ ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်နေရာစာအဖြစ်အောင်မြင်နေလျက်ရှိပါတယ်။ ပိုင်ဖြိုးသုဟာဆိုရင် ကိုယ်တိုင်ရိုက်ကူးရေးပိုင်းမှာလည်း ဘက်စုံထူးချွန်တဲ့ဒါရိုက်တာ ဏကြီးနဲ့အတူ သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ ပိုင်ဖြိုးသုက ဇာတ်လမ်းတွဲရိုက်ကူးမှုကြောင့် နယ်ခရီးသွားလာနေရပေမယ့်လည်း ချစ်ရတဲ့ ခင်ပွန်းဖြစ်သူဆီၤသို့ Video Callပြောဖြစ်တဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ အောက်တိုဘာ(၁၆)ရက်နေ့မှာတော့ ဏကြီးက”တကယ်ကြီး စိတ်ကောက်နေပါတယ်။ခုထိ ချော့လို့မရသေးဘူး။“မီ” ပြန်ဝင်စားသွားပြီ ထင်တယ်။ကွိုင်ပဲ…(ဝိုင်းမြှောက်မပေးကြပါနဲ့တော့)”လို့ဆိုပြီး စိတ်ကောက်နေတဲ့ ဇနီးသည်ပိုင်ဖြိုးသုအတွက် ချော့လို့ မရတော့လို့ စိတ်ညစ်နေကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
စိတ်ဆိုးမပြေတဲ့ဇနီးသည်ပိုင်ဖြိုးသု ကို ချော့ရခက်တဲ့အကြောင်းကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source…..Na Gyi’s Facebook
zawgyi
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.