စိတ်ကောက်တတ်လွန်းတဲ့ ဇနီးဖြစ်သူကြောင့် နာမည်အသစ် တစ်ခုထပ်ရသွားတဲ့ ရွှေထူး

ပရိသတ်တွေ စိတ်အဝင်စားဆုံးနဲ့ အချစ်ကြဆုံး ဇနီးမောင်နှံလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေပေးပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။

လတ်တလောမှာတော့ ရွှေထူးက စိတ်ကောက်တတ်လွန်းတဲ့ ချစ်ဇနီးလေးကြောင့် နာမည်တစ်ခုထပ်ရသွားတဲ့အကြောင်း လူမှုကွန်ယက်မှာ ချစ်စဖွယ်လေး တင်ထားတာတွေ့ရပါတယ်။ ချစ်စရာကောင်းအောင် စိတ်ကောက်တတ်လွန်းသူလေး ရွှေမှုံနဲ့ ပျော်ပျော်ကြီ ချော့နေတဲ့ ရွှေထူးတို့ရဲ့အချစ်ရေးကတော့ အရမ်းကို ကြည်နူးဖို့ကောင်းလှပါတယ်နော်။

ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ဇနီးဖြစ်သူကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းတဲ့ ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးကတော့ “Ma thi buu kout mal hnit ma thi buu chot mal ????❤️” “မသိဘူးကောက်မယ်နှင့် မသိဘူးချော့မယ် ????❤️” ဆိုပြီး ခဏခဏစိတ်ကောက်တတ်တဲ့ ဇနီးချောလေးကို အမြဲချော့နေရတာကြောင့် သူပါ နာမည်တစ်ခုထပ်ရသွားတဲ့အကြောင်းကို ကြည်နူးစွာ ပြောထားတာပါ။

အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် နိုဝင်​ဘာလ ၁၁ရက်​​နေ့က နှစ်​ဦးသ​ဘောတူ လက်​ထပ်​မင်္ဂလာပွဲ ဆင်​နွှဲခဲ့ကြတာပါ။

သူတို့ဇနီး​မောင်​နှံနှစ်ဦးကတော့ လက်​ရှိမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ အပြည့်နဲ့ အခက်အခဲတွေကိုရင်ဆိုင်ပြီး ခိုင်ခိုင်မြဲ လက်တွဲထားကြတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း လက်ထပ်ပြီးမှ တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်လာကြတဲ့ ရွှေထူးနဲ့ ရွှေမှုံလေးတို့ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source; momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.