စိတ်ဓါတ်ကျခါနီးတိုင်း အမေစုကို မြင်ရင် ခွန်အားဖြစ်တယ် ဆိုတဲ့ ခရစ္စတီးနားခီ

Posted on

ခရစ္စတီးနားခီက သူမချစ်သော အနုပညာအလုပ်များနဲ့ အိမ်ရှင်မကောင်း ဇနီးကောင်းဖြစ်အောင် ကြိုးစားရတဲ့ အလုပ်များနဲ့ လုံလည်ချာလည်လိုက်နေခဲ့ပေမယ့် တာဝန်ယူထားရတဲ့ သူမရဲ့အလုပ်များကို မလစ်ဟင်းအောင် ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ခါတစ်ရံမှာ စိတ်အခန့်မသင့်စရာများ ကြုံဆုံခဲ့ရသလို စိတ်ဓာတ်ကျစရာ ကိစ္စများနဲ့ ကြုံတွေ့တဲ့ အခါတိုင်း အမေ အောင်ဆန်းစုကြည်ကို မြင်ယောင်ကာ ခွန်အားဖြစ်စေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Photo : Mauk Kham Wah

ခရစ္စတီးနားခီက “အလုပ်နဲ့ဘဝကို attachment ခွဲခြား ကွဲပြားစွာ နေနိုင်မှသာ ဒီနိုင်ငံမှာ ဒီလို ကြည်လင်စွာပြုံးနိုင်ပါလိမ့်မယ်…… အမြဲတမ်း ယောင်္ကျားကလည်း သတိပေးသလို ကိုယ်တိုင်လည်း စိတ်ဓါတ်ကျခါနီးတိုင်း အမေစုကို အမြဲမြင်ပြီး ဘာမှမဟုတ်သေးဘူးလို့သတိပေးမိ…အားပြန်တင်းရင်းနဲ့သာ ပတ်ချာလည်နေမိ….” ဆိုပြီး သူမရဲ့ဖေစ်ဘွတ်စာမျက်နှာမှာ ၀ါဆိုသင်္ဃန်း ကပ်လှူခဲ့စဉ်က ကြည်လင်အေးမြနေတဲ့ အမေစုရဲ့ ပုံရိပ်လေးများကို ပြန်လည်ဝေမျှခဲ့ပါတယ်။

Photo : Mauk Kham Wah

ပထမဦးဆုံး ကျင်းပခဲ့တဲ့ Star award 2018 ဆုပေးပွဲကြီမှာ ခရစ္စတီးနားခီက ‘ဥပါယ်တံမျဉ်’ ဇာတ်ကားကြီးနဲ့ (best director award) အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး Star Awards မှရရှိသော ဆုငွေသိန်း (၅၀) ကို ဧပြီလ (၂၆) ရက်နေ့က ရန်ကုန်မြို့ စိတ်ကျန်းမာရေးဆေးရုံကြီးမှာ “ခီမောင်နှံ နှင့်ပရိတ်သတ်များ” အနေနဲ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo : Christina Kyi

ခရစ္စတီးနားခီရဲ့ ဖန်တီးပုံဖော်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးများဟာ ရုပ်ရှင်အရည်အသွေး ကောင်းမွန်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်များရဲ့ အားပေးထောက်ခံမှုကို တခဲနက်ရရှိခဲ့တာ ဖြစ်ပါတယ်။ သူမ ရိုက်ကူးသွားမယ့် ဇာတ်ကားသစ်များကိုလည်း ပရိသတ်များက အစဉ်အမြဲ စောင့်စားအားပေးနေခဲ့ပါတယ်။

Photo : Mauk Kham Wah

Source – Christina Kyi FB

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.