စိတ်ထားကောင်းပြီး ဂျူနီယာညီ၊ညီမတွေကို ဖေးမကူညီတတ်တဲ့ ပြေတီဦးရဲ့ (၄၂) နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဆုမြတ်နိုးဦး

Posted on





Unicode

ချစ်စရာကောင်းပြီး ချိုသာတဲ့ အပြုံးတွေရဲ့ပိုင်ရှင် မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ မြိတ်သူလေးတစ်ယောက်ဖြစ်ပြီး အသံဝဲဝဲလေးနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးက လက်ရှိမှာလည်း သူမဝါသာနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း အွန်လိုင်းကနေ ဈေးရောင်းချခြင်းတို့ကို ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ ဆုမြတ်နိုးဦးရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးကြတာချည်းပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့ကတော့ အနုပညာအသိုင်းအဝိုင်းက အားလုံးချစ်ကြတဲ့ ပြေတီဦးရဲ့ (၄၂) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးကလည်း အစ်ကိုကြီးပြေတီဦးအတွက် “Happy Birthday TT 🎂🎊🎈🎁🎉 အရမ်းစိတ်ထားကောင်းပီး ပျော်ပျော်နေတတ်တဲ့အကို .. သမီးတို့တစ်တွေကို အစစအရာရာအမြဲဖေးမကူညီတတ်တဲ့ တီတီရေ မွေးနေ့မှာပျော်ရွှင်ပါစေ 🤩 စိတ်ချမ်းသာကိုယ်ကျန်းမာပြီး အကိုချစ်ရတဲ့မိသားစုတွေနဲ့အမြဲတမ်းပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ် 🤩🤩🤩” ဆိုပြီး အမှတ်တရ မွေးနေ့ဆုတောင်းပေးလာခဲ့ပါတယ်။

ဆုမြတ်နိုးဦးကတော့ စိတ်ထားကောင်းပြီး ဂျူနီယာညီ၊ညီမတွေကို ဖေးမကူညီတတ်တဲ့ ပြေတီဦးရဲ့ (၄၂) နှစ်ပြည့် မွေးနေ့အတွက် အမှတ်တရ မွေးနေ့ဆုမွန်ကောင်းတောင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် ပြေတီဦးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Hsu Myat Noe Oo’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.