စိတ်ဆိုးစိတ်ကောက်နေရာက ပြန်အဆင်ပြေသွားပြီဖြစ်တဲ့ မေဦးတို့စုံတွဲ

မိတ်ကပ်မေဦးကတော့ မိတ်ကပ်လောကမှာ ထိပ်တန်းတစ်ဦးပါပဲနော်။ အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မေဦးကတော့ အခုလိုအောင်မြင်မှုရရှိလာတဲ့အချိန်မှာလည်း ဟိတ်ဟန်မရှိဘဲ လက်အောက်ငယ်သားတွေကို ပညာတွေသင်ပေးတတ်တဲ့သူလည်းဖြစ်ပါတယ်။

မိတ်ကပ်နဲ့ပတ်သက်လာရင် အနုပညာအသိုင်းအဝိုင်းကရော အပြင်လောက ကပါ အားကိုးတစ်ကြီးအားကိုးရတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်လာတဲ့အချိန်မှာလည်းမိဘကို ပြန်လည်ကြည့်ရှုစောင့်ရှောက်တတ်တဲ့ မိဘကိုသိတတ်တဲ့သူလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့မေဦးနဲ့ဟန်လင်းတို့ဟာ စိတ်ဆိုးစိတ်ကောက်လမ်းခွဲကြမယ့်အခြေအနေကနေ စနိုက်လာကျော်တဲ့သူတစ်ယောက်ကြောင့် ပြန်အဆင်ပြေသွားကြပြီပဲ ဖြစ်ပါတယ်။မိတ်ကပ်မေဦးတို့စုံတွဲလေးကတော့ မြန်မာနိုင်ငံရဲ့ ချစ်ဖို့ကောင်းတဲ့ LGBTစုံတွဲလေး ဖြစ်ပြီး မိတ်ကပ် မေဦး ဆိုတာနဲ့သူ့ချစ်သူ ဟန်လင်းကိုတွဲ မြင်ကြတာပဲ ဖြစ်ပါတယ်။တရားဝင် ချစ်သူတွေ ဖြစ်ကြောင်း ချပြခဲ့တဲ့အချိန်မှာလည်း ဝေဖန်မှုတွေ ရှိခဲ့ပေမယ့်

အားပေးဝန်းရံတဲ့သူတွေကပိုများခဲ့တာပဲ ဖြစ်ပါတယ်။ရန်ဖြစ်ပြီးချစ်သူတို့သဘာဝစိတ်ဆိုးစိတ်ကောက်ကြပေမယ့် လမ်းခွဲဖို့အထိဖြစ်ခဲ့ကြတာမို့ ပရိသတ်တွေကစိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ စိတ်ဆိုးစိတ်ကောက်နေချိန်မှာ ဟန်လေးကို စနှိုက်လာကြော်တဲ့အတွက် ချစ်သူကအနားမှာအမြဲရှိနေတယ်လို့ပြောလိုက်တာကြောင့် သူတို့ချစ်သူနှစ်ဦးပြန်အဆင်တာကို သိခဲ့ရတာပဲ ဖြစ်ပါတယ်။

မေဦးတို့ချစ်သူနှစ်ဦးပြန်လည်အဆင်ပြေတဲ့အတွက် မေဦးတို့စုံတွဲကိုချစ်တဲ့ ပရိသတ်တွေလည်း ဝမ်းသာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေဦးစုံတွဲ အတွက် ဝမ်းသာစကားလေးပြောခဲ့ပါဦးနော်။

Source : May Oo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.