စာရေးဆရာ နေဝင်းမြင့် ဖွင့်ချလိုက်တဲ့ ဝတ်လဲတော်ရွှေပုဆိုး ရုပ်ရှင် အရှုပ်တော်ပုံ

Posted on

ပရိသတ်ကြီးရေ အညာဟန် အညာဓလေ့တွေ နဲ့ ထုံမွမ်းတန်ဆာဆင်လေ့ရှိတဲ့ နိုင်ငံကျော် စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ ဝတ်လဲတော်ရွှေပုဆိုး ဝထ္တု ကို ရုပ်ရှင် ရိုက်ကူးနေခြင်းနောက်ကွယ်က အရှုပ်တော်ပုံတွေကို ၄င်းဇာတ်ကားရိုက်ကူးရာမှာ ပါဝင်ဆောင်ရွက်ပေးနေတဲ့ စာရေးဆရာကြီး နေဝင်းမြင့်က ဖွင့်ချလိုက်ပြီဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်တွေအဖြစ် ဒေါင်း နဲ့ ဝတ်မှုန်ရွှေရည် တို့ကိုရွေးချယ်ထားတာကြောင့် စာပေချစ်ပရိသတ်တွေက ဝေဖန်နေကြတဲ့ အဆိုပါရုပ်ရှင် ဟာ ယခင်ကထက်ပိုမိုရှုပ်ထွေးလာနိုင်ချေရှိတယ်လို့ ပရိသတ်တွေက သုံးသပ်နေကြတာပါ။

ဆရာကြီးနေဝင်းမြင့်က ” “ပရိသတ်သို့ အသိပေးခြင်း”
၁။ ဆရာမခင်ခင်ထူး၏ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” လုံးချင်းဝတ္ထုကို ရန်ကုန်မြို့ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးမှ ဝယ်ယူကာ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် စတင်ရိုက်ကူးတော့မည် ဖြစ်ပါသည်။
၂။ ယင်းဇာတ်ကားအတွက် ကနဦးစီစဉ်မှုအရ ဒါရိုက်တာအဖြစ် “မီးပွား”ကိုလည်းကောင်း၊ ဇာတ်ညွှန်းအဖြစ် ကျွန်တော့်ကိုလည်းကောင်း ကမ်းလှမ်းလာပါသဖြင့် ၂၀၁၉ မတ်လအတွင်း ရေစကြိုမြို့နယ် ပခန်းကြီးဒေသတဝိုက် ကိုကြီးကျော် နတ်နန်းတည်ရှိရာ ကျေးရွာများသို့ ကျွန်တော်နှင့် ဒါရိုက်တာမီးပွားတို့ ရိုက်ကွင်းရွေးချယ်ရန် သွားရောက်ခဲ့ပြီး မှတ်တမ်းများ ရိုက်ယူခဲ့ကြပါသည်။
၃။ နောက်ပိုင်းတွင် အကြောင်းအားလျော်စွာ ဦးမီးပွား နှုတ်ထွက်သွားသဖြင့် ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်နှင့် ဆက်လက်ရိုက်ကူးရန် ရုပ်ရှင်ထုတ်လုပ်သူက စီစဉ်ခဲ့ပါသည်။ ဇာတ်ညွှန်းကို ကျွန်တော့်အား ဆက်လက်အပ်နှံခဲ့ပါသည်။ ကျွန်တော့်အနေဖြင့်မူ အခန်း ၅၉ ခန်းပါ ရုပ်ရှင်ဇာတ်ညွှန်း အပြည့်အစုံကို ရုပ်ရှင်ထုတ်လုပ်သူထံ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
၎။ သို့ရာတွင် အခြားအကြောင်းများရှိလာသည့်အတွက် ကျွန်တော်ရေးသားပေးအပ်ထားပြီးဖြစ်သည့် ရုပ်ရှင်ဇာတ်ညွှန်းကို “အသုံးပြုခွင့် မပြု” တော့ပါကြောင်း ရုပ်ရှင်ထုတ်လုပ်သူထံ ရုပ်ရှင်မရိုက်ကူးမီ ကြိုတင်အကြောင်းကြားခဲ့ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဇာတ်ညွှန်းရေးသူအဖြစ်မှ နှုတ်ထွက်ပြီးဖြစ်ပါသည်။
၅။ ရုပ်ရှင်သဘောအရ မူရင်းဝတ္ထု၏ အာဘော်နှင့် Frame အတွင်း အားဖြည့်ထားခဲ့သော ကျွန်တော်၏ ဖြည့်စွက်ရေးသားချက်များ ဖြစ်သည့် အခန်း ၁၀ ခန်းကိုလည်း ထည့်သွင်းရိုက်ကူးခွင့် မပြုပါကြောင်း ရုပ်ရှင်ထုတ်လုပ်သူကို ကြိုတင်အကြောင်းကြား အသိပေးထားပြီးဖြစ်ပါသည်။
၆။ အထက်ပါ ကိစ္စများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ တရားဝင် အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်ပါသည်။
၇။ ကျွန်တော်၏ ဖြည့်စွက်ရေးသားချက်များနှင့်ပတ်သက်၍ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးအနေနှင့် ထည့်သွင်းရိုက်ကူးခြင်းမပြုပါရန်နှင့် ပေါ်ပေါက်လာပါက တရားဥပဒေအရ ရှင်းလင်းသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
နေဝင်းမြင့် ” ဆိုပြီး လူမှုကွန်ရက် ကနေ ပြောဆိုလိုက်ပါတယ်။ ပရိသတ်ကြီးလည်း ဒီရုပ်ရှင် အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး သဘောထားမှတ်ချက်လေးတွေပေးခဲ့ကြပါဦး ။

Source – Nay Win Myint
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.