စစ်ကားရိုက်ဖို့ ဗိုက်ပူဘဝကိုစွန့်လွှတ်တော့မယ့်ရွှေထူး

Posted on

ရွှေထူးဟာဆိုရင် လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက ပရိသတ်တွေအားပေးကြတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး အခြားသူတွေနဲ့ကွဲပြားခြားနားစွာ နက်ရှိုင်းကြည်လင်တဲ့အသံပါဝါကိုပိုင်ဆိုင်ထားတာကြောင့်လည်းအချိန်တစ်ခဏအတွင်း လူကြိုက်များကျော်ကြားပြီးအောင်မြင်မှုရလာခဲ့တယ်ဆိုရင်မမှားပါဘူး။

ရွှေထူးက ရွှေမှုံရတီနဲ့လက်ထပ်ပြီး သာယာတဲ့အိမ်ထောင်ရေးဘဝလေးကိုပိုင်ဆိုင်ထားသလိုအနုပညာဘက်မှာဆိုရင်လည်း မင်းသားတစ်လက်အဖြစ်အရှိန်အဟုန်ပြင်းပြင်းနဲ့အနုပညာဖန်တီးမှုတွေလုပ်နေပါတယ်။ ရွှေထူးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ နောက်ထပ်ရိုက်မယ့်ရုပ်ရှင်အတွက် ပြင်ဆင်နေတဲ့အကြောင်းနဲ့ လက်ရှိလုပ်နေတာလေးတွေကိုပြောပြသွားပါတယ်။

 

 

ရွှေထူးက အရင်ကတည်းက Gym ဆော့ဖြစ်ပေမယ့်ဆက်မဆော့ဖြစ်တဲ့အကြောင်း “Gym က ကျွန်တော်ရှေ့မှာလည်းဆော့တော့ဆော့တယ်။ Gym က သိတဲ့အတိုင်းအစားလည်းဆင်ခြင်ရသေးတယ်။အအိပ်ကလည်းမှန်ရသေးတယ်လေ။

သူငယ်ချင်းတွေနဲ့နေတုန်းကတော့ သိတဲ့အတိုင်း ညဘက် ဂိမ်းဆော့ဘာဆော့ဆိုတော့ နောက်ကျတော့လည်း ကြွက်သားက ဖြစ်ထွန်းချင်သလောက်လည်းမဖြစ်ထွန်းလာတော့ အစားလည်းမလျှော့နိုင်တော့ ဆက်ပြီးမဆော့ဖြစ်တော့ဘူး”လို့ ပြောပြထားပါတယ်။

အခုတော့ စစ်ကားရိုက်ရမှာမို့ Gym ဆော့တာကိုကြပ်ကြပ်မတ်မတ်ပြန်လုပ်ဖြစ်နေတဲ့အကြောင်း “အခုကျတော့လည်း စစ်ကားဆိုတော့ ဗိုက်ကပူနေလို့မရပြန်ဘူးလေ။ Target ကတော့ 6 packs ထိပဲ။ ဒါပေမယ့်လည်း 4 packs ရရ၊ 2 packs ရရ ရသလောက်တော့သွားမှာပဲ။ အစားကလည်းလျှော့ရတယ်လေ။ ထူးအောင်တို့လည်းပြောပါတယ်။

Gym က Trainer တွေလည်းပြောပါတယ်။ ကျွန်တော့်ကိုအစားလျှော့ဖို့။ ဒါပေမယ့် ကျွန်တော်ကလည်းမရဘူး။ ထမင်းကြိုက်တာကိုး။ ထမင်းမစားရရင်ကို စိတ်ကသိပ်မမှန်ဘူး။ အဲဒါကြောင့်မမျှော်လင့်ပါဘူးအများကြီးတော့။ 2 packs လောက်ရရင်ကျေနပ်ပါတယ်”လို့ ရယ်မောပြီးဖြေကြားထားပါတယ်။

Gym ဆော့ရတဲ့အခက်အခဲတွေအကြောင်းလည်း ရွှေထူးက “ဘယ်လိုတွေခံရလဲဆိုတော့ ထူးအောင်ကတော့ သိတဲ့အတိုင်းပဲ Body Building လုပ်ထားတာလေ။

 

 

လုံးဝ seriously သေချာလုပ်ထားတာဆိုတော့ သူဆော့တဲ့အတိုင်းတော့ လိုက်ဆော့ကြည့်တာပဲ။ ဒါပေမယ့် ကျွန်တော်တို့ လျှာထွက်တာပဲ။ ကျွန်တော်က ငါ့ကိုစောင့်ဦးနော် တစ်ပတ်လောက်ထိ၊တစ်လလောက်ထိစောင့်ဦးနော်ဆိုပြီး။ထူးအောင်ရော Gym က Trainer တွေရော ကျွန်တော့်ကို seriously သေချာလုပ်ပေးကြပါတယ်”လို့ ပြောပြထားပါတယ်။

နောက်ထပ်ရိုက်မယ့်ဇာတ်ကားအကြောင်းကို ရွှေထူးက “ကျွန်တော့်ဆီကို ဇာတ်လမ်းတော့မရောက်သေးဘူး။ ကျွန်တော်သိထားတာက စစ်ကား။Adventure လေးတွေလည်းပါမယ်။ ဟာသလေးတွေလည်းပါမယ်ပေါ့။ အဲဒါပဲသိထားသေးတယ်။ ဇာတ်လမ်းမရောက်သေးလို့ဗျ။ ကျွန်တော့်ကို ကိုဝေမင်းမောင်ကတော့ ဇာတ်လမ်းတွေပြပါတယ်။ 7th sense နဲ့ ကျွန်တော်အလုပ်လုပ်ရတာ အဆင်ပြေတာက ကျွန်တော်ဖြစ်ချင်တာ ကျွန်တော်လုပ်ချင်တာ။ ကျွန်တော်မလုပ်ချင်တာကိုနားလည်ပေးတယ်။ အဲဒီအတွက်လည်းကျွန်တော်တို့ တော်တော်အဆင်ပြေပါတယ်”လို့ ဖြေကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.