စင်ကာပူနိုင်ငံမှာ ထူးချွန်စွာ ဘွဲ့ရရှိခဲ့ပြီး ဘဝရဲ့ အောင်မြင်တဲ့မှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့တဲ့ နော်ဖော်အယ်ထား

နော်ဖောအယ်ထားက လူမှုကွန်ယက်စာမျက်နှာတွေပေါ်ကနေ သူမရဲ့ချစ်စရာကောင်းပြီး ဖြူစင်တဲ့အပြုံးချိုချိုလေးတွေကြောင့် လူသိများခဲ့တဲ့ ကရင်တိုင်းရင်းသူလေး တစ်ယောက်ဖြစ် ပါတယ် ။ နောက်ပိုင်းမှာတော့ သူမရဲ့အလှကြောင့် အနုပညာအလုပ်တွေလုပ်ဖို့ ကမ်း လှမ်းခံခဲ့ရတာပါ ။ သူ့ရဲ့အလှတွေကတော့တစ်နေကုန်တစိမ့်စိမ့်ထိုင်ကြည့်ရင်တောင်ကြည့်မဝနိုင်တဲ့အလှတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူမကတော့မိန်းကလေးအချင်းချင်းတော်ကြွေရလောက်တဲ့အလှတွေကိုပိုင်ဆိုင်ထားတာပါ။

သူမတင်တဲ့ ပုံရိပ်တိုင်းကိုလည်း ပုရိသများသာဝန်းရံရုံမကပဲ မိန်းကလေးပရိသတ်များပါ ချစ်ခင်အားပေးကြတာလည်း ဖြစ်ပါတယ်။ ကြော်ငြာ၊ MTV တွေပဲရိုက်ကူးနေတဲ့နော်ဖောတစ်ယောက်ကတော့ မကြာခင်မှာ ရုပ်သံဇာတ်လမ်းတွဲများလည်း ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။

သူမဟာ အခုမှာတော့ စင်ကာပူနိုင်ငံကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ကျောင်းတက်ခဲ့တာပဲဖြစ်ပြီးအခုခါမှာတော့ မိသားစုနဲ့အတူ ဘွဲ့သွားယူတာပဲ ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်မှာလည်း ” နောက်ထပ်မှတ်တိုင်လေးတခု

#PGDBM” ဆိုပြီး ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် နော်ဖောရဲ့ချစ်စရာပုံရိပ်လေးတွေတင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – Naw Phaw Eh Htar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.