အကယ်ဒမီများရှင် မင်းသမီးချော ဝတ်မှုံရွှေရည်ကတော့ အနုပညာသက်တမ်း (၁၅) နှစ်ကျော်တိုင် အောင်မြင်မှုတွေများစွာ တစ်ရှိန်ထိုး ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခြင်းတွေကို ရပ်နားထားပြီး Covid-19 အတွက် အလှူအတန်းတွေပြုလုပ်ရင်း အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဝတ်မှုံရွှေရည်က သူမကိုယ်တိုင် လုပ်အားဒါနပါဝင်တဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။
“Stay at Home မှာ ကစ် Team နဲ့ အတူတူ ကစ် ကိုယ်တိုင် Mask လေးတွေ ချုပ်ပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖြစ်ပါတယ်။ စက်မချုပ်တတ်ပေမယ့် သေချာလေး ကြိုးစားပြီး ချုပ်ထားပါတယ်။ ကစ်နာမည်လေးလည်း ပါတော့ အမှတ်တရပေါ့…” ဆိုပြီး သူမကိုယ်တိုင် စေတနာတွေအပြည့်ထည့်ပြီး ချုပ်ထားတဲ့ Mask လေးတွေကို လှူဒါန်းဖြစ်ခဲ့ကြောင်း အခုလိုပဲ အမှတ်တရ ပြောလာပါတယ်။
ဝတ်မှုံရွှေရည်ကတော့ အလှူအတန်းတွေများစွာကို ပြုလုပ်တတ်တယ်ဆိုပေမယ့် ဒီတစ်ခါမှာတော့ သူမကိုယ်တိုင် လုပ်အားပါဝင်တဲ့ အလှူလေးတစ်ခုကို ထူးထူးခြားခြား ပြုလုပ်ခဲ့တာကြောင့် ပိုပြီးပီတိဖြစ်ဝမ်းသာနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ကုသိုလ်လေးကိုကြည့်ပြီး ထပ်တူပီတိဖြစ်ဝမ်းသာနေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Wutt Hmone Shwe Yi’s fb
zawgyi
အကယ္ဒမီမ်ားရွင္ မင္းသမီးေခ်ာ ဝတ္မႈံေရႊရည္ကေတာ့ အနုပညာသက္တမ္း (၁၅) နွစ္ေက်ာ္တိုင္ ေအာင္ျမင္မႈေတြမ်ားစြာ တစ္ရိွန္ထိုး ရရိွပိုင္ဆိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္ကေတာ့ အခုလက္ရိွမွာ ရုပ္ရွင္ဇာတ္ကား ရိုက္ကူးျခင္းေတြကို ရပ္နားထားျပီး Covid-19 အတြက္ အလွဴအတန္းေတြျပဳလုပ္ရင္း အခ်ိန္ေတြ ကုန္ဆံုးေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း ဝတ္မႈံေရႊရည္က သူမကိုယ္တိုင္ လုပ္အားဒါနပါဝင္တဲ့ အလွဴေလးတစ္ခုကို ျပဳလုပ္ခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။
“Stay at Home မွာ ကစ္ Team နဲ႔ အတူတူ ကစ္ ကိုယ္တိုင္ Mask ေလးေတြ ခ်ဳပ္ၿပီး လိုအပ္တဲ့ေနရာေတြကို လႉဒါန္းျဖစ္ပါတယ္။ စက္မခ်ဳပ္တတ္ေပမယ့္ ေသခ်ာေလး ႀကိဳးစားၿပီး ခ်ဳပ္ထားပါတယ္။ ကစ္နာမည္ေလးလည္း ပါေတာ့ အမွတ္တရေပါ့…” ဆိုျပီး သူမကိုယ္တိုင္ ေစတနာေတြအျပည့္ထည့္ျပီး ခ်ဳပ္ထားတဲ့ Mask ေလးေတြကို လွဴဒါန္းျဖစ္ခဲ့ေၾကာင္း အခုလိုပဲ အမွတ္တရ ေျပာလာပါတယ္။
ဝတ္မႈံေရႊရည္ကေတာ့ အလွဴအတန္းေတြမ်ားစြာကို ျပဳလုပ္တတ္တယ္ဆိုေပမယ့္ ဒီတစ္ခါမွာေတာ့ သူမကိုယ္တိုင္ လုပ္အားပါဝင္တဲ့ အလွဴေလးတစ္ခုကို ထူးထူးျခားျခား ျပဳလုပ္ခဲ့တာေၾကာင့္ ပိုျပီးပီတိျဖစ္ဝမ္းသာေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဝတ္မႈံေရႊရည္ရဲ့ ကုသိုလ္ေလးကိုၾကည့္ျပီး ထပ္တူပီတိျဖစ္ဝမ္းသာေနမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Wutt Hmone Shwe Yi’s fb