ငိုရလွန်းလို့ မျက်လုံးတွေတောင် ယောင်နေပြီဆိုပြီး သနားစဖွယ်ပြောလာတဲ့ နှင်းနွေ

လတ်တလော ပြသနေတဲ့ “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ မင်းသမီးချောလေး နေခြည်ရွှန်းလက်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ နေခြည်ရွှန်းလက်က လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိပြီး ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူလေးဆိုလည်း မမှားပါဘူး။

မနေ့ကညက ပြသခဲ့တဲ့ “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” အပိုင်း ( )မှာတော့ နှင်းနွေတစ်ယောက် ကိုအောင်မှန်းကို သဝန်တွေတိုစိတ်ကြောင့် မျက်ရည်မဆည်နိုင်အောင် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး နေခြည်ရွှန်းလက်က ထိုဇာတ်ဝင်ခန်းတွေအတွက် မျက်ရည်တုလုံးဝမသုံးပဲ မျက်ရည်အစစ်နဲ့သာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

နေခြည်ရွှန်းလက်က “ဒီနေ့ညဘက်Scene ဒေါ်ကြီးတင်နဲ့ အိပ်ယာပေါ်မှာ ပြောတုန်းက မျက်ရည်မကျလို့ ???? မျက်ရည်တုလည်းမသုံးချင်တော့ ကိုသစ် စောင့်ပေးပြီး ရိုက်တာမှတ်မိသေးတယ်???????? နှင်းနွေ ငိုရလွန်းလို့ မျက်လုံးတွေတောင်ယောင်” ဆိုပြီး ရိုက်ကွင်းနောက်ကွယ်က အမှတ်တရတွေကို ပြောပြထားပါတယ်။

နေခြည်ရွှန်းလက်က အခုလတ်တလောမှာ “အခန်းနံပါတ် ၁၈” ဆိုတဲ့ ဇာတ်လမ်းတွဲကို ကျော်ဆု၊ ဝင့်ယမုံနိုင်၊ သက်ဦးကို၊ လင်းမြတ်၊ ရန်လင်းအောင်၊ မြနှင်းရည်လွင်နဲ့ အခြားသောသရုပ်ဆောင်ပေါင်းများစွာနဲ့ အတူတူ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

“မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲထဲက နေခြည်ရွှန်းလက်ရဲ့ သရုပ်ဆောင်ချက်တွေက ပရိသတ်တွေ ချီးကျူးမယ်ဆိုလည်း ချီးကျူးလောက်စရာပါပဲနော်။ နေခြည်ရွှန်းလက်ကလည်း နှင်းနွေဆိုတဲ့ မိန်းကလေးအဖြစ် ကြိုးကြိုးစားစား သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲကို ဆက်လက်အားပေးကြပါဦးနော်။

Source : momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.