” ငယ်ဘဝအဆင့်ဆင့် အမှတ်တရတွေကို ဖွင့်ချပြလိုက်တဲ့ မိုးမိုး “


 

 


 

 


 

 

Source : MoeSithu Kyaw

ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်ကြီးရေ မိုးမိုးကတော့ ” အသက်လေးဆယ် ” သီချင်းနဲ့ လူကြီးလူငယ်မရွေးသဘောကျအားပေးခြင်းခံခဲ့ရတဲ့ အဆိုတော်တစ်ဦးပါ။ ဒါ့အပြင် လူငယ်တွေပါးစပ်ဖျားမှာ သူ့ရဲ့ ” ပြန်တွေးကြည့် ” သီချင်းကလည်း အခုချိန်ထိ ရေပန်းစားဆဲ လို့ဆိုရမှာပါ။ အမြဲ ပွင့်ပွင့်လင်းလင်းနဲ့ ပရိသတ်တွေကို သူ့ရဲ့ ထင်မြင်ချက်တွေကို ချပြလေ့ရှိတဲ့သူကတော့ နှင်းဆီအငြိမ့်ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဟာသဉာဏ်ရွှင်ရွှင်နဲ့ ပရိသတ်တွေ အနုပညာမောင်နှမတွေကို စနောက်လေ့ရှိတဲ့ မိုးမိုးကတော့ ယခုဖြစ်ပွားနေတဲ့ Covid 19 နဲ့ ပတ်သက်ပြီး အချိန်နဲ့တပြေးညီ ပရိသတ်တွေသိရှိရမယ့် အချက်အလက်တွေကို ဖော်ပြနေတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ပါပဲနော်။ လက်ရှိမှာတော့ မိုးမိုးဟာ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ” မျက်မှန်မပါဘဲဖြတ်ရိုက်ခံရစဉ် အချိန်များ ” ဆိုတဲ့ စာလေးနဲ့ ဟိုးငယ်စဉ်ကျောင်းသားဘဝထဲကစပြီး အရွယ်ရောက်တဲ့အချိန်ထိ ရိုက်ကူးခဲ့တဲ့ လိုင်စင်ပုံလေးတွေကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အရွှန်းဖောက်ကာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း မိုးမိုးရဲ့ပုံရိပ်လေးတွေကို ကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : MoeSithu Kyaw

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.