ငယ်စဉ်က ဆော့ကစားခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ အလှူပြုလုပ်ခဲ့တဲ့ Rဇာနည်တို့ မိသားစု

Posted on

ဂီတလောကမှာ အောင်မြင်ကျော်ကြား လူကြိုက်အများဆုံး အဆိုတော်တစ်ဦးဖြစ်တဲ့ Rဇာနည်ရဲ့ တေးသီချင်းများက လူကြီးလူငယ်မရွေး သဘောကျနှစ်သက်ကြပြီး အောင်မြင်ခဲ့ပါတယ်။ Rဇာနည်တို့မိသားစုလေးက အလှူအတန်းများကို မကြာခဏ ပြုလုပ်ဖြစ်ကြတာကို တွေ့ရပါတယ်။

ဇူလိုင်လ (၃၀) ရက်နေ့က ဗဟန်းမြို့ သီရိမင်္ဂလာမဟာဓမ္မာရုံကျောင်းတိုက်မှာ မိသားစုအလှူ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဘုန်းကြီးကျောင်းက သူ ငယ်စဉ်တုန်းက ဆော့ကစားခဲ့တဲ့ ကျောင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ်တွေ အဲ့ကလေးလေးတွေ အရွယ်ထဲက ပြေးလွှားဆော့ကစားခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ မိသားစု အလှူ 🙏🙏🙏” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Rဇာနည်နဲ့ဝမ်းတို့နှစ်ဦးမှာ တစ်မျိုးစီ ချောကြတဲ့ သားလေးနှစ်ဦးကို ပိုင်ဆိုင်ထားကြပြီး အားလုံးက ချစ်ခင်လေးစားကြတဲ့ ပျော်ရွှင်စရာ မိသားစုလေးလည်း ဖြစ်ပါတယ်။ အဖေနဲ့ရော အမေနဲ့ပါ တူတဲ့ သားနှစ်ယောက်ကို ရထားတာဖြစ်လို့ Rဇာနည်တို့ဇနီးမောင်နှံနှစ်ဦးက ၀မ်းသာမဆုံးဖြစ်ခဲ့ကြပါတယ်။

စာဖတ်ပရိသတ်ကြီးရေ Rဇာနည်တို့ မိသားစုလေးကို ချစ်တယ်ဆိုရင် အားပေးခဲ့ကြဦးနော်။

 

Source : R Zarni

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.