ဂျာမဏီကို ခဏပြန်မှာမို့လို့ ကျွန်တော့ရဲ့စုစုကို ဂရုစိုက်ပေးပါလို့ဆိုလိုက်တဲ့ Mikis Weber

Posted on

ဂျာမဏီနိုင်ငံသား မြန်မာအဆိုတော် Mikis Weber တစ်ယောက် မနက်ဖြန်ဆိုရင် မွေးရပ်မြေဂျာမဏီ နိုင်ငံကိုပြန်တော့မှာပဲဖြစ်ပါတယ်။ မြန်မာပြည်မှာချစ်သူလေး စုစုကို တစ်ယောက်တည်းထားခဲ့ရလို့ ” ကျွန်တော့်ရဲ့စုစုကို ကောင်းကောင်း ဂရုစိုက်ပေးပါနော် ”

ဆိုပြီး ပရိသတ်တွေကိုလည်း အကူအညီတောင်းခဲ့ပါသေးတယ်။ လက်ရှိမြန်မာနိုင်ငံ မှာမိုးရာသီဖြစ်ပေမယ့် ဂျာမဏီနိုင်ငံမှာတော့ ဒီအချိန်ဆိုရင် နွေရာသီရောက်နေပြီဖြစ်ပါ တယ်။

ဂျာမဏီကိုခဏပြန်ပြီး နောက်လလောက်ပြန်လာမယ်လို့လည်းဆိုပါတယ်။ စုစုတော့ ချစ်သူ ကို လွမ်းနေတော့မှာပဲနော်။ Mikis Weber ကလည်း စုစုအပါအဝင် အားလုံးကိုလွမ်းနေ မယ်လို့လည်း ပြောခဲ့ပါသေးတယ်။

နှစ်ယောက်သား နားလည်မှုရှိရှိနဲ့ရှေ့ဆက်နေတဲ့ relationship လေးက ကြည်နူးစရာကောင်းလွန်းနေပါတယ်။ အမြဲတမ်းမခွဲအတူရှိနေ တတ်ပြီး ကြည်နူးစရာကောင်းတဲ့ ဒီအချစ်ရေးလေးက လက်တွဲတွေခိုင်ခိုင်မြဲလို့နေပါတယ်။

သူခရီးသွားမယ့်အကြောင်းကို ” ရန်ကုန်မှာ မိုးအရမ်းရွာတယ် ဂျာမနီမှာ အခုဆိုရင် နွေရာသီ မနက်ဖြန် ဂျာမနီခဏပြန်မယ် နောက်လ ပြန်လာမယ် ခဏစောင့်နေပေးပါ အားလုံးလွမ်းနေမယ် ကျတော့်ရဲ့စုစု ကို ကောင်းကောင်းဂရုစိုက်ပေးပါနော် ” ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ see you Mikis Weber ရေ။

Photo – Mikis Weber
Source;myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.