“ဂီတလောကရဲ့အောင်မြင်မှုကို ဆွတ်ခူးခဲ့တာ ဒီနေ့နဲ့ဆို (၅)နှစ်ပြည့်သွားခဲ့ပြီဆိုတဲ့အောင်ထက်”

Posted on

အိမ်မက်ဆုံရာ ရာသက်ပန် ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အောင်ထက်ကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးလောက်မယ်ထင်ပါတယ်။ အောင်ထက်ကတော့ အသံအားကောင်းပြီး ပရိသတ်တွေအကြိုက်နဲ့ထပ်တူတဲ့သီချင်းတွေကြောင့် ဂီတလောကမှာ နေရာတစ်ခုရလာတဲ့ အဆိုတော်တစ်လက်ပါပဲနော်။ သူရဲ့ထွက်ရှိသမျှသီချင်းတွေဟာဆိုရင်   အောင်မြင်လာတဲ့   သီချင်းတွေပဲဖြစ်ပါတယ်။

အောင်ထက်ကတော့ သီချင်းအသစ်တွေကို ထွက်ရှိလာနိုင်ဖို့ကို ကြိုးစားလျက်ရှိပါတယ်။ ဒီနေ့ဟာ ကျွန်တော် အိပ်မက်ဆုံရာ-ရာသက်ပန် သီချင်းဆိုပြိုင်ပွဲမှာ ဆုရခဲ့တာ( ၅ )နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ 5-7-2015 ကစပြီး ဒီနေ့အထိဂီတလောကထဲမှာ ကောင်းကောင်းမွန်မွန်အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။ သီချင်း Album အသစ်တွေ ထွက်ခွင့်ရတယ် Show တွေအများကြီးလည်းဆိုခွင့်ဖျော်ဖြေခွင့်ရခဲ့တယ် အဲဒီအတွက်ကျွန်တော့်ရဲ့ကြိုးစားမှုတွေကိုအသိအမှတ်ပြုအားပေးကြတဲ့သီချင်းချစ်သူပရိတ်သတ်များ၊ဂီတလောကမှ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများနဲ့ ကျွန်တော့်ကို ဂရုစိုက်ပြီးဖေးမချစ်ခင်ပေးကြတဲ့ ဂီတညီအစ်ကိုမောင်နှမများအားလုံးနဲ့အတူတူလက်တွဲပြီးအလုပ်လုပ်ခွင့်ရခဲ့တဲ့Companyများ၊မီဒီယာများ၊အဓိကတော့ ကျွန်တော့်ရဲ့သီချင်းတွေကို နားဆင်ခံစားအားပေးကြတဲ့ သီချင်းချစ်သူပရိတ်သတ်များ အားလုံးအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

နောက်ထပ်နောက်ထပ်နောက်ထပ်လည်း ဒီထက်ပိုပြီးကြိုးစားဖန်တီးတဲ့သီချင်းတွေကို ဒီထက်ပိုပြီးနားဆင်ခံစားကြပါခင်ဗျာ အမှတ်တရများအား တန်ဖိုးထားလျက်”လို့ဆိုတဲ့အကြောင်းလေးကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း အောင်ထက်ကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။

Soure…Aung Htet’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.