ချမ်းအေးတဲ့ ပြင်ဦးလွင်မြို့ရဲ့ညလေးမှာ ဂီတာလေးတစ်လက်နဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကို သီချင်းဆိုပြခဲ့တဲ့ အေးမြဖြူ

Posted on

ချစ်စရာကောင်းပြီး အရွယ်နဲ့မလိုက်အောင် အနုပညာကို ဝါသနာပါသူလေး အေးမြဖြူကတော့ ငယ်စဉ်ကလေးဘဝကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ်ရော၊ ဆိုကရေးတီးပြိုင်ပွဲဝင်အဖြစ်ရော အနုပညာလှုပ်ရှားမှုတွေ ရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အေးမြဖြူက အဆိုတော်တစ်ယောက်အဖြစ် သီချင်းတွေကို ဖန်တီးသီဆိုနေသလို သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အနုပညာရှင်ပေါက်စလေး အေးမြဖြူကို ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း ချစ်ခင်အားပေးကြပါတယ်။

လက်ရှိမှာတော့ အေးမြဖြူက ပြင်ဦးလွင်မြို့က အလုပ်ကိစ္စတစ်ခုနဲ့ ရောက်ရှိနေပြီး သူမရဲ့ စီနီယာ အနုပညာရှင်များဖြစ်ကြတဲ့ အလင်းရောင်၊ ရွှေသမီး၊ နန်းမြတ်ဖြိုးသင်း၊ ရတနာဗိုလ်တို့နဲ့အတူတူ အချိန်ကုန်နေလျက်ရှိပါတယ်။ မနေ့က စက်တင်ဘာလ (၆) ရက်နေ့မှာတော့ အေးမြဖြူက ချမ်းအေးလှတဲ့ ပြင်ဦးလွင်မြို့ရဲ့ညလေးမှာ ဂီတာလေးတစ်လက်နဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကို သီချင်းဆိုပြရင်း အခုလိုပဲ ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။

အေးမြဖြူကတော့ ပြင်ဦးလွင်မြို့က ညလေးမှာ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူတူ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးမြဖြူတို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Alin Yaung’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.