ချစ် ဆိုတဲ့စကားလေး တစ်လုံးတည်းနဲ့ ” သူစိမ်းအိမ်” ဇာတ်ကားတစ်ကားလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ မြ (သို့မဟုတ်)ကူးကူးဇင်အောင်

Posted on

လတ်တလောမှာ သူစိမ်းအိမ် ဇာတ်ကားဟာ လူမှုကွန်ရက်မှာ နာမည်ကြီးပြီး လူကြိုက်များလျက်ရှိနေပါတယ်။ သာမန်မြန်မာသရဲကားတွေနဲ့မတူတဲ သဲထိတ်ရင်ဖိုဇာတ်လမ်းဇာတ်ကွက်တွေ၊ ကြိုတင်မသိထားဘဲ လုံးဝရှော့ခ်ရသွားစေမယ့် ဇာတ်လမ်းဇာတ်လမ်းတွေကို သူစိမ်းအိမ် ဇာတ်ကားမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးရဲ့ အဓိကအခရာဖြစ်တဲ့ သူစိမ်းအိမ်ထဲကို အလည်ခေါ်ခဲ့တဲ့ အဓိကဇာတ်ကောင်ကတော့ မြ လို့ခေါ်တဲ့ ကူးကူးဇင်အောင်ပါပဲ။

ဒီဇာတ်ကားမှာ မြ ဟာ ဇာတ်ကားတစ်ကားလုံးရဲ့ အရေးအကြီးဆုံး အခန်းကဏ္ဍလို့ပြောရင် မမှားပါဘူး။ အားလုံးထင်မှတ်မထားတဲ့ မာယာလှည့်ကွက်များစွာကို ချစ် ဆိုတဲ့ လေချိုသွေးစကားလေးတစ်လုံးနဲ့ ပီပီရိရိဖုံးအုပ်ထားနိုင်တာ မြ ရဲ့ အရည်အချင်းပါပဲ။

ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်တို့နဲ့အပြိုင် မြ ရဲ့သရုပ်ဆောင်ချက်တွေက တကယ့်ကို ပီပြင်လွန်းခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဒါ့အပြင် မြ ဟာ ပြင်ပလူနေမှုဘ၀ကိုလည်း သင်ခန်းစာပေးခဲ့တယ်လို့ ဆိုရမှာပါ။ မိန်းကလေးတွေအနေနဲ့ သူငယ်ချင်းဖြစ်သူ အိမ်အလည်ခေါ်တိုင်း ချင့်ချင့်ချိန်ချိန် စဉ်းစားရမှာဖြစ်တဲ့အကြောင်းကို မြ က သင်ခန်းစားပေးခဲ့တာပါ။

ဘာပဲပြောပြော ချစ် တစ်လုံးတည်းနဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားတစ်ခုလုံးကို လှုပ်ခတ်သွားနိုင်စေခဲ့တဲ့ မြ ရဲ့အရည်အချင်းကတော့ ချီးကျူးချင်စရာပဲ ဖြစ်ပါတယ်။ မာယာလှည့်ကွက်တွေကို အပြုံးချိုချိုလေးနဲ့ ဖုံးအုပ်ထားနိုင်တဲ့ နတ်ဘုရားမလေးဟာ မြ ပါပဲနော်။

Source: Ku Ku Zin Aung
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.