အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖေဖေလင်းလင်းက ခေတ်လေး သစ်လေးရယ် ချစ်ရတဲ့ ဇနီးသည်နဲ့အတူ ခရီးထွက်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။ ခရီးသွားရင်း ပျော်ရွှင်နေတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ ပုံရိပ်လေးက အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် မြင်ရသူတွေကို သဘောကျသွာစေမယ့် လင်းလင်းတို့မိသားစုလေးရဲ့ ခရီးသွားပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။
လင်းလင်းကတော့ “ကျွန်တော့်ရဲ့ အနာဂတ်တွေနဲ့ မိသားစု စင်္ကာပူခရီး ပုံလေးတွေ My Love , My World , My future” ဆိုပြီး သူတို့မိသားစုလေးရဲ့ အမှတရခရီးသွားပုံရိပ်တွေကို ဝေမျှပေးထားတာပါ။
ညီအမနှစ်ယောက် ကြင်နာနေကြတာ ချစ်စရာလေး
စိတ်ကောက်နေတာလား ကလေးရယ်
မေမေချစ်သုဝေကို ချစ်မဝဖြစ်နေတဲ့ သမီးလေးတွေ
တကယ့် အရုပ်လေးတွေပါပဲကွယ်
အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီးလေးတွေရဲ့နာမည်နဲ့လည်း ငွေကြေးမတတ်နိုင်တဲ့ ကလးငယ်တွေရဲ့ကျန်းမာရေးအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပါသေးတယ်နော်။ ချစ်ပရိသတ်တွေလည်း အရမ်းချစ်ဖို့ကောင်းတဲ့ လင်းလင်းတို့ မိသားစုလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Source;Htwe Lynn Ko’s Facebook
ခရက်ဒစ် မိုမိုလေး