“ချစ်သူ ကောင်းပြည့်ရဲ့ အကြောင်းကို ပြောပြမယ် သူမက အိန္ဒြာကျော်ဇင်ပါ အကောင့်တုသုံးနေတာပါ ဆိုသူရဲ့ မှတ်ချက်လေးကို ထိထိမိမိလေး တုံ့ပြန်လိုက်တဲ့ သန္တာဗိုလ်”

Posted on

ပရိသတ်ကြီးရေ စမတ်ကျ လှပသူ မော်ဒယ် သရုပ်ဆောင် သန္တာဗိုလ်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ သန္တာဗိုလ်ကတော့ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး မော်ဒယ်လုပ်ရတာကို ပျော်ရွှင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်နော်.။

အမြဲတမ်း စမတ်ကျလှပကာ ကြည့်ကောင်းသူ သန္တာဗိုလ်ကတော့ ချစ်ရတဲ့ ချစ်သူ မင်းသားချောချောလေး ကောင်းပြည့်ကို လက်တွဲပိုင်ဆိုင်ထားတဲ့ ကံကောင်းသူလေးလို့ ဆိုရင်မှားမယ် မထင်ပါဘူးနော်.။ တစ်ယောက်နဲ့ တစ်ယောက် အမြဲ Support ပေးကာ ဂရုစိုက်ကြင်နာကြတဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့အတွဲလေးကတော့ ပရိသတ်တွေ အားကျရတဲ့ Cele စုံတွဲလေးဖြစ်ပြီး ချစ်သူသက်တမ်း (၈)နှစ်ကျော် သက်တမ်းရှိနေပြီပဲဖြစ်ပါတယ်နော်.။

စက်တင်ဘာလ (၂၁)ရက်နေ့ သူမရဲ့ ပိုစ့်တစ်ခုအောက်မှာ လာမှတ်ချက်ပေးတဲ့ သူတစ်ယောက်ရဲ့ မှတ်ချက်ကြောင့် ရယ်မောခဲ့ရတဲ့အဖြစ်လေးကို “အရမ်းဟားရတယ်ကွာ” ဆိုပြီး သူမရဲ့ My Day မှာ တင်လာခဲ့ပါတယ်.။ ချစ်သူကောင်းပြည့်ရဲ့ အကြောင်းပြောချင်လို့ သူမက မင်းသမီးအိန္ဒြာကျော်ဇင်ပါ အကောင့်တုသုံးနေတာမို့ Chat Boxမှာ လာပြောပေးပါလို့ မှတ်ချက်ပေးသူကို ပြန်လည် မှတ်ချက်ပေးထားတဲ့ သန္တာဗိုလ်ရဲ့ တုံ့ပြန်ချက်လေးကလည်း ထိမိနေတာပါပဲနော်..ပရိသတ်ကြီး။

ပရိသတ်ကြီးလည်း ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့အတွဲလေးကို ချစ်ခင်အားပေးရင် မှတ်ချက်လေးတွေ ရေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Thandar Bo’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.