ခ်စ္သူျပင္သစ္ႏိုင္ငံသားေလးကို ကခ်င္႐ိုးရာဝတ္စုံဝတ္ဆင္ေစၿပီး မ်ိဳး႐ိုးဓေလ့ထုံးတမ္းအတိုင္း မဂၤလာေဆာင္ခဲ့တဲ့ အမြန္း

Posted on

သီခ်င္းဆိုေကာင္း႐ုံသာမက အသားအရည္ညိဳစိမ့္စိမ့္ေလးနဲ႔ လွတဲ့ အမြန္းဟာ ႏိုင္ငံျခားေမာ္ဒယ္ေတြေတာင္ အရႈံးေပးရေလာက္တဲ့ ကိုယ္ပိုင္စတိုင္လ္ရွိသူတစ္ေယာက္ပါ။ အမြန္းက သူမရဲ႕ အတြင္းေရးနဲ႔ ပက္သတ္ၿပီး လွ်ိဳ႕ဝွက္ဖုံးကြယ္ထားျခင္းမရွိသလို သူမရဲ႕ အိမ္ေထာင္ေရးနဲ႔ ပက္သတ္ၿပီးလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ခ်ျပထားသူတစ္ေယာက္ ျဖစ္ပါတယ္။ အမြန္းက ၿပီးခဲ့တဲ့ (၂၀၁၉) ၾသဂုတ္လအတြင္းကပဲ သူမရဲ႕ခ်စ္သူ ႏိုင္ငံျခားသားေလးဆီက လက္ထပ္ခြင့္ေတာင္းခံထားရေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြအားလုံးကို အသိေပးထားတာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ အမြန္းက သူ႔ရဲ႕ ခ်စ္သူ ျပင္သစ္ႏိုင္ငံသားေလးနဲ႔ လက္ထပ္ခဲ့ၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးေၾကျငာခဲ့ပါတယ္။ အမြန္းရဲ႕ ခ်စ္သူကေတာ့ အမြန္းနဲ႔မေတြ႕ခင္ကတည္းက ျမန္မာႏိုင္ငံမွာ အေျခခ်ေနထိုင္ေနသူမို႔ ျမန္မာႏိုင္ငံသားတစ္ပိုင္းျဖစ္ေနၿပီလို႔ ဆိုရေလာက္သလို အမြန္းကလည္း သူမရဲ႕ တစ္သက္မွာတစ္ခါလုပ္ရတဲ့ မဂၤလာပြဲေလးမွာ သူမရဲ႕ ကခ်င္႐ိုးရာဝတ္စုံေလးေတြနဲ႔ လက္ထပ္ခဲ့ပါေသးတယ္။

အမြန္းတို႔ ခ်စ္သူႏွစ္ေယာက္ကေတာ့ ခ်စ္သူသက္တမ္း (၅) ႏွစ္ေက်ာ္အတြင္းမွာတင္ လက္ထပ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ အမြန္းတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ သက္ဆုံးတိုင္ ထာဝရေပ်ာ္႐ႊင္ခ်မ္းေျမ့ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Ah Moon’s fb

Unicode

သီချင်းဆိုကောင်းရုံသာမက အသားအရည်ညိုစိမ့်စိမ့်လေးနဲ့ လှတဲ့ အမွန်းဟာ နိုင်ငံခြားမော်ဒယ်တွေတောင် အရှုံးပေးရလောက်တဲ့ ကိုယ်ပိုင်စတိုင်လ်ရှိသူတစ်ယောက်ပါ။ အမွန်းက သူမရဲ့ အတွင်းရေးနဲ့ ပက်သတ်ပြီး လျှို့ဝှက်ဖုံးကွယ်ထားခြင်းမရှိသလို သူမရဲ့ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားသူတစ်ယောက် ဖြစ်ပါတယ်။ အမွန်းက ပြီးခဲ့တဲ့ (၂၀၁၉) သြဂုတ်လအတွင်းကပဲ သူမရဲ့ချစ်သူ နိုင်ငံခြားသားလေးဆီက လက်ထပ်ခွင့်တောင်းခံထားရကြောင်း လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပရိသတ်တွေအားလုံးကို အသိပေးထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အမွန်းက သူ့ရဲ့ ချစ်သူ ပြင်သစ်နိုင်ငံသားလေးနဲ့ လက်ထပ်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးကြေငြာခဲ့ပါတယ်။ အမွန်းရဲ့ ချစ်သူကတော့ အမွန်းနဲ့မတွေ့ခင်ကတည်းက မြန်မာနိုင်ငံမှာ အခြေချနေထိုင်နေသူမို့ မြန်မာနိုင်ငံသားတစ်ပိုင်းဖြစ်နေပြီလို့ ဆိုရလောက်သလို အမွန်းကလည်း သူမရဲ့ တစ်သက်မှာတစ်ခါလုပ်ရတဲ့ မင်္ဂလာပွဲလေးမှာ သူမရဲ့ ကချင်ရိုးရာဝတ်စုံလေးတွေနဲ့ လက်ထပ်ခဲ့ပါသေးတယ်။

အမွန်းတို့ ချစ်သူနှစ်ယောက်ကတော့ ချစ်သူသက်တမ်း (၅) နှစ်ကျော်အတွင်းမှာတင် လက်ထပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အမွန်းတို့ ဇနီးမောင်နှံနှစ်ယောက် သက်ဆုံးတိုင် ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Ah Moon’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.