မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အစီအစဉ်တင်ဆက်သူလို့ ပြောလို့ရတဲ့ ကောင်းထက်ဇော်ဟာ ပရိသတ်တွေ အံ့သြသွားစေမယ့် လုပ်ဆောင်ချက်တစ်ခုကို လုပ်ပြလိုက်ပါတယ်။ အလုပ်တွေနဲ့ မနားရလောက်အောင် ဖြစ်နေတဲ့ သူက အချစ်ရေးမှာ အမြဲ ထားခဲ့ခံရတယ်လို့လဲ အင်တာဗျူးတွေမှာဖြေဆိုဘူးပါတယ်။ ဒါပေမယ့် သူ့မှာ အရမ်းချောတဲ့ ချစ်သူလေးတစ်ယောက်ရှိနေပါပြီ။ သူ့ချစ်သူလေးက တိုင်းရင်းသူလေးဖြစ်ပြီး အရမ်းကိုချစ်စရာကောင်းပါတယ်။
သူ့ရဲ့မွေးနေ့မှာတော့ ချစ်သူကောင်မလေးကို မသိမသာလေး ချပြခဲ့ပါတယ်။ ကောင်းထက်ဇော်က မွေးနေ့အမှတ်တရလဲ ဖြစ်၊ အဖေအမေတွေရဲ့ ကံမကောင်းမှုတွေကို ပြေစေချင်တာကြောင့် မိဘတွေနဲ့အတူ သာသနာ့ဘောင် ၀င်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာထဲက သူ့ချစ်သူကောင်မလေးကလဲ သာသနာအတူတူပြုလုပ်ပေးခဲ့ပါသေးတယ်။ ဒီအကြောင်းကိုတော့ သာသနာပြုပြီး လုပ်ငန်းခွင်ပြန်ဝင်ချိန် မီဒီယာတွေရဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။
ကောင်းထက်ဇော်က ယခုအခါမှာတော့ ချစ်သူလေးရဲ့ မွေးနေ့မှာ ကောင်မလေး ထင်မထားလောက်တဲ့ Surprise မျိုးကို ပြုလုပ်ပေးခဲ့ပါတယ်။ အေးချမ်းပြီး ကျက်သရေရှိလှတဲ့ ချစ်သူကောင်မလေးကတော့ အရမ်းတွေ ပျော်ရွှင်နေခဲ့ပါတယ်။ ချစ်သူ ကောင်မလေးကို ဟန်နီလို့ ခေါ်ကြပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ကောင်းကြီးရဲ့သူ့ကောင်မလေး ဟန်နီတို့ကို အားပေးတဲ့အနေနဲ့ မျှဝေပေးသွားဖို့မမေ့ပါနဲ့နော်။ ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။
Source – July moe’s fb
ခရက်ဒစ် မိုမိုလေး