ခ်စ္သူ(ေကာင္ေလး)ကသင့္တစ္ေယာက္တည္းကိုသာ ခ်စ္ျမတ္ႏိုးမည့္နည္းလမ္းေကာင္းမ်ား…

Posted on

မိမိခ်စ္သူကမိမိတစ္ေယာက္တည္းကိုသာ ျမတ္ျမတ္ႏိုးႏိုးနဲ႔ ခ်စ္တာကိုလိုခ်င္ၾကတာမိန္းကေလးတိုင္းပါ။ မိမိခ်စ္သူကမိမိကိုခ်စ္ခြင့္ပန္တုန္းကသူ႔ဘဝနင့္ထပ္တူမိမိကိုခ်စ္တယ္လို႔ အျပည့္အဝယုံၾကည့္ၾကတာလဲမိန္းကေလးတိုင္းပါ။

ဒါေပမဲ့ ေယာက်ာ္းေလးေတြမ်ားေသာအားျဖင့္ကေတာ့ ရည္းစားသက္တမ္းၾကာလာတာနဲ႔အမွ် လြတ္လပ္မႈကိုပိုမိုေတာင္းတလာၾကပါတယ္။ အေၾကာင္းအရင္းကေတာ့ မိန္းကေလးေတြဟာရည္းစားသက္တမ္းၾကာလာတာနဲ႔အမွ်ကိုယ့္ခ်စ္သူကိုပိုခ်စ္လာၾကၿပီးစိုးရိမ္စိတ္ေတြနဲ႔ ခ်ဳပ္ခ်ယ္တတ္ၾကလို႔ပါ။

စာေရးသူကေတာ့ စာဖတ္သူေတြရဲ႕ေဆြးေႏြးစာေတြကိုအေျခခံၿပီးစာဖတ္သူတို႔ရဲ႕ ခ်စ္သူကမိမိကိုသာအၿမဲတမ္းလက္တြဲၿပီးတန္းတန္းစြဲခ်စ္ျမတ္ႏိုးလာေအာင္ဆြဲေဆာင္ႏိုင္မယ့္နည္းလမ္းေကာင္းေတြေဖာ္ျပေပးလိုက္ပါတယ္။

မိမိခ်စ္သူကိုမိမိသာလွ်င္သူ႔ရဲ႕ ဘဝမွာအေရးအႀကီးဆုံးလူလို႔ ထင္ပါေစ။

ေယာက်ာ္းေလးေတြအမ်ားအားျဖင့္ ကေတာ့ သူငယ္ခ်င္းႏွင့္တူေသာခ်စ္သူကိုပိုမိုလိုခ်င္တပ္မက္ၾကပါတယ္။အဘယ့္ေၾကာင့္ဆိုေသာ္ သူတို႔ရဲ႕စိတ္ညစ္စရာေတြ၊စိတ္ရႈပ္စရာေတြကိုေသေသခ်ာခ်ာနားေထာင္ေပးတာမ်ိဳး၊သူတို႔စိတ္ညစ္တဲ့အခါ အမွားတခုခုျပဳလုပ္မိတဲ့အခါမွာအားေပးတာမ်ိဳး (အျပစ္မတင္ဘဲ)သူတို႔ရဲ႕ခ်စ္သူထံကေနေမွ်ာ္လင့္တက္ၾကလို႔ပါ။

ထိုခ်စ္သူကိုဘယ္အခ်ိန္၊ဘယ္ေနရာမွာ ျဖစ္ျဖစ္ သူတို႔အၿမဲတမ္းသတိရၿပီးပိုခ်စ္လာၾကလို႔ပါဘဲ။စာေရးသူကဒီနည္းလမ္းကိုတခ်ိဳ႕ မိန္းကေလးသူငယ္ခ်င္းေတြကိုေျပာျပမိေတာ့ သူတို႔အားလုံးရဲ႕အေမးကငါဘယ္လိုလုပ္ၿပီးသူရဲ႕အေရးႀကီးဆုံးလူတစ္ေယာက္ျဖစ္လာမွာလဲ။ငါသူ႔ကိုဘယ္လိုနည္းလမ္းေတြနဲ႔ အားေပးရမလဲ။ငါ့တစ္ေယာက္တည္းကိုဘဲအၿမဲတမ္းလိုအပ္ေအာင္ဘယ္လိုလုပ္ရမလဲ။

စာေရးသူရဲ႕ နည္းလမ္းေကာင္းေတြကေတာ့..

၁။ မိမိခ်စ္သူရဲ႕ အျမင္မွာမိမိဟာဆြဲေဆာင္မႈအားေကာင္းရပါမယ္။

အဘယ့္ေၾကာင့္ဆိုေသာ္ မိမိခ်စ္သူသည္ အၿမဲတမ္းမိမိကိုေပြ႕ဖက္ၿပီး ၾကင္နာယုယခ်င္ေပမယ့္ မိမိ၏ အျပင္အဆင္ကမေသမသပ္ ႏွင့္ ဆြဲေဆာင္မႈမရွိလွ်င္ ခ်စ္သူ၏စိတ္ခံစားမႈကိုဖ်က္စီးေစႏိုင္ပါတယ္။

ဒီအခ်က္ဟာကိုယ့္ခ်စ္သူရဲ႕ အာ႐ုံကိုကိုယ့္ထံမွ တျခားမိန္းကေလးေတြထံကိုေရာက္သြားေစေသာအေျခခံအခ်က္ျဖစ္ပါတယ္။အလွအပ ျပင္ဆင္ရာမွာအခ်ိန္မေပးႏိုင္လွ်င္ အဝတ္အစားကိုသပ္သပ္ရပ္ရပ္ ႏွင့္ခ်စ္သူကိုဆြဲေဆာင္ရာမွာအေထာက္အကူျပဳေသာရနံစုူးရွေသာေရေမႊးကိုသုံးစြဲပါ။

၂။ မိမိကိုယ္မိမိဆြဲေဆာင္မႈရွိသည္ဟုယုံၾကည္ထားပါ။

မိန္းကေလးေတြမ်ားေသာအားျဖင့္ မိမိ၏ ပင္ကိုယ္ဆြဲေဆာင္မႈ၊ အလွအပကိုယုံၾကည္မႈမရွိၾကပါ။ အမွန္ေတာ့မိန္းကေလးတိုင္းသည္ မိမိ၏ပင္ကိုယ္အလွရွိၾကပါသည္ ထိုအလွအပေတြကိုေသေသခ်ာခ်ာမထုတ္ေဖာ္တာျဖစ္ေစ၊

သတိမထားမိတာျဖစ္ေစေၾကာင့္ မိမိ၏အလွကိုယုံၾကည္မႈနည္းပါးေစပါသည္။ အခုကစၿပီးယုံၾကည္လိုက္ပါ။မိမိ၏အလွအပေပၚမွာယုံၾကည္မႈရွိေသာမိန္းကေလးမ်ားသည္ ယုံၾကည္မႈမရွိေသာမိန္းကေလးမ်ားထက္ အၿမဲတမ္းပိုမိုေပၚလြင္ေစပါသည္။

၃။ အစားအမ်ားႀကီးစားျခင္း ေရွာင္ရွားပါ။

မိန္းကေလးမ်ားသည္ ေပ်ာ္သည္ျဖစ္ေစ၊ ဝမ္းနည္းသည္ျဖစ္ေစအစားႀကီးတက္ၾကပါတယ္။ ထို႔ေၾကာင့္မိမိ၏ပင္ကိုယ္ ကိုယ္အေလးခ်ိန္ပ်က္စီးလာၿပီးအဝလြန္ကာေနာက္ဆုံးမိမိ၏ ပင္ကိုယ္အလွကိုပါပ်က္စီးေစပါေတာ့တယ္။အစားေလ်ာ့စားပါ။

Credit Myo Myo (auntymay)

Unicode
ချစ်သူ(ကောင်လေး)ကသင့်တစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးမည့်နည်းလမ်းကောင်းများ

မိမိချစ်သူကမိမိတစ်ယောက်တည်းကိုသာ မြတ်မြတ်နိုးနိုးနဲ့ ချစ်တာကိုလိုချင်ကြတာမိန်းကလေးတိုင်းပါ။ မိမိချစ်သူကမိမိကိုချစ်ခွင့်ပန်တုန်းကသူ့ဘဝနင့်ထပ်တူမိမိကိုချစ်တယ်လို့ အပြည့်အဝယုံကြည့်ကြတာလဲမိန်းကလေးတိုင်းပါ။

ဒါပေမဲ့ ယောကျာ်းလေးတွေများသောအားဖြင့်ကတော့ ရည်းစားသက်တမ်းကြာလာတာနဲ့အမျှ လွတ်လပ်မှုကိုပိုမိုတောင်းတလာကြပါတယ်။ အကြောင်းအရင်းကတော့ မိန်းကလေးတွေဟာရည်းစားသက်တမ်းကြာလာတာနဲ့အမျှကိုယ့်ချစ်သူကိုပိုချစ်လာကြပြီးစိုးရိမ်စိတ်တွေနဲ့ ချုပ်ချယ်တတ်ကြလို့ပါ။

စာရေးသူကတော့ စာဖတ်သူတွေရဲ့ဆွေးနွေးစာတွေကိုအခြေခံပြီးစာဖတ်သူတို့ရဲ့ ချစ်သူကမိမိကိုသာအမြဲတမ်းလက်တွဲပြီးတန်းတန်းစွဲချစ်မြတ်နိုးလာအောင်ဆွဲဆောင်နိုင်မယ့်နည်းလမ်းကောင်းတွေဖော်ပြပေးလိုက်ပါတယ်။

မိမိချစ်သူကိုမိမိသာလျှင်သူ့ရဲ့ ဘဝမှာအရေးအကြီးဆုံးလူလို့ ထင်ပါစေ။

ယောကျာ်းလေးတွေအများအားဖြင့် ကတော့ သူငယ်ချင်းနှင့်တူသောချစ်သူကိုပိုမိုလိုချင်တပ်မက်ကြပါတယ်။အဘယ့်ကြောင့်ဆိုသော် သူတို့ရဲ့စိတ်ညစ်စရာတွေ၊စိတ်ရှုပ်စရာတွေကိုသေသေချာချာနားထောင်ပေးတာမျိုး၊သူတို့စိတ်ညစ်တဲ့အခါ အမှားတခုခုပြုလုပ်မိတဲ့အခါမှာအားပေးတာမျိုး (အပြစ်မတင်ဘဲ)သူတို့ရဲ့ချစ်သူထံကနေမျှော်လင့်တက်ကြလို့ပါ။

ထိုချစ်သူကိုဘယ်အချိန်၊ဘယ်နေရာမှာ ဖြစ်ဖြစ် သူတို့အမြဲတမ်းသတိရပြီးပိုချစ်လာကြလို့ပါဘဲ။စာရေးသူကဒီနည်းလမ်းကိုတချို့ မိန်းကလေးသူငယ်ချင်းတွေကိုပြောပြမိတော့ သူတို့အားလုံးရဲ့အမေးကငါဘယ်လိုလုပ်ပြီးသူရဲ့အရေးကြီးဆုံးလူတစ်ယောက်ဖြစ်လာမှာလဲ။ငါသူ့ကိုဘယ်လိုနည်းလမ်းတွေနဲ့ အားပေးရမလဲ။ငါ့တစ်ယောက်တည်းကိုဘဲအမြဲတမ်းလိုအပ်အောင်ဘယ်လိုလုပ်ရမလဲ။

စာရေးသူရဲ့ နည်းလမ်းကောင်းတွေကတော့..

၁။ မိမိချစ်သူရဲ့ အမြင်မှာမိမိဟာဆွဲဆောင်မှုအားကောင်းရပါမယ်။

အဘယ့်ကြောင့်ဆိုသော် မိမိချစ်သူသည် အမြဲတမ်းမိမိကိုပွေ့ဖက်ပြီး ကြင်နာယုယချင်ပေမယ့် မိမိ၏ အပြင်အဆင်ကမသေမသပ် နှင့် ဆွဲဆောင်မှုမရှိလျှင် ချစ်သူ၏စိတ်ခံစားမှုကိုဖျက်စီးစေနိုင်ပါတယ်။

ဒီအချက်ဟာကိုယ့်ချစ်သူရဲ့ အာရုံကိုကိုယ့်ထံမှ တခြားမိန်းကလေးတွေထံကိုရောက်သွားစေသောအခြေခံအချက်ဖြစ်ပါတယ်။အလှအပ ပြင်ဆင်ရာမှာအချိန်မပေးနိုင်လျှင် အဝတ်အစားကိုသပ်သပ်ရပ်ရပ် နှင့်ချစ်သူကိုဆွဲဆောင်ရာမှာအထောက်အကူပြုသောရနံစုူးရှသောရေမွှေးကိုသုံးစွဲပါ။

၂။ မိမိကိုယ်မိမိဆွဲဆောင်မှုရှိသည်ဟုယုံကြည်ထားပါ။

မိန်းကလေးတွေများသောအားဖြင့် မိမိ၏ ပင်ကိုယ်ဆွဲဆောင်မှု၊ အလှအပကိုယုံကြည်မှုမရှိကြပါ။ အမှန်တော့မိန်းကလေးတိုင်းသည် မိမိ၏ပင်ကိုယ်အလှရှိကြပါသည် ထိုအလှအပတွေကိုသေသေချာချာမထုတ်ဖော်တာဖြစ်စေ၊

သတိမထားမိတာဖြစ်စေကြောင့် မိမိ၏အလှကိုယုံကြည်မှုနည်းပါးစေပါသည်။ အခုကစပြီးယုံကြည်လိုက်ပါ။မိမိ၏အလှအပပေါ်မှာယုံကြည်မှုရှိသောမိန်းကလေးများသည် ယုံကြည်မှုမရှိသောမိန်းကလေးများထက် အမြဲတမ်းပိုမိုပေါ်လွင်စေပါသည်။

၃။ အစားအများကြီးစားခြင်း ရှောင်ရှားပါ။

မိန်းကလေးများသည် ပျော်သည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေအစားကြီးတက်ကြပါတယ်။ ထို့ကြောင့်မိမိ၏ပင်ကိုယ် ကိုယ်အလေးချိန်ပျက်စီးလာပြီးအဝလွန်ကာနောက်ဆုံးမိမိ၏ ပင်ကိုယ်အလှကိုပါပျက်စီးစေပါတော့တယ်။အစားလျော့စားပါ။

Credit Myo Myo (auntymay)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.