ချစ်သူကောင်မလေးကို ဟန်မဆောင်နိုင်အောင် အပျော်တွေပေးလိုက်တဲ့ ကောင်းထက်ဇော်

Posted on

ပရိသတ်တွေအချစ်ကို ရရှိထားတဲ့အပြင် အချစ်ရေးကိစ္စတွေကိုလည်း တည်တည်ငြိမ်ငြိမ် ဖြတ်သန်းတည်ဆောက်နေတဲ့ သူတွေထဲမှာ အစီအစဉ်ကြေညာသူ ကောင်းထက်ဇော်လည်းပါဝင်ပါတယ်။ ကိုကောင်းကြီးတစ်ယောက် မကြာသေးခင်ကမှ သူ့ရဲ့ ချစ်ရတဲ့ ချစ်သူမိန်းကလေးကိုလည်း အလင်းပြခဲ့တာပါ။

 

 

ဂေါ်မစွံ လူပျိုကြီးတစ်ယောက်လို့ အများက သတ်မှတ်ကြတဲ့ ကိုကောင်းကြီးတစ်ယောက် အခုလို ထုတ်ပြလိုက်တဲ့အတွက်လည်းပရိသတ်တွေက တအံ့တသြဖြစ်ခဲ့ကြရတာပါ။ဒီလို အထူးအဆန်းတွေလုပ်ပြတတ်တဲ့ ကိုကောင်းတစ်ယောက် ဒီနေ့ညမှာ နောက်ထပ် ရင်ခုန်စိတ်လှုပ်ရှားစရာ တစ်ခုကိုထပ်မံပြုလုပ်လိုက်ပါတယ်။

 

ကိုကောင်းကြီးတစ်ယောက် ချစ်ရတဲ့ ဟန်နီလေးကို စပရိုက်ဖျော်တိုက်တဲ့အနေနဲ့ မွေးနေ့ပါတီပွဲလေးကို ကျင်းပပေးလိုက်တာပါ။ ချစ်သူကောင်မလေးကတော့ အပျော်ကြီးပျော်နေတာ ဟန်မဆောင်နိုင်လောက်အောင်ပါပဲ ။ ကိုကောင်းကြီးရဲ့ ပရိသတ်တွေကလည်း မွေးနေ့ပွဲကျင်းပတဲ့ Live ကို ကြည့်ပြီး ကြည်နူးခဲ့ကြတာပါ ။ ပရိသတ်ကြီးလည်း ဗီဒီယိုလေးကို ကြည့်ပြီး ကောင်းကြီးတို့ ချစ်သူစုံတွဲအတွက် ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦး။

Source – Oasis Journal
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.