ချစ်သူရဲ့ ဖူးဖူးမှုတ်ချစ်တာကို ခံရမယ့် မိဖုရားဇာတာရှင် ရာသီခွင် (၅) ခု

Posted on

အချစ်ရေးမှာကံကောင်းဖို့ဆိုတာ မိန်းကလေးတိုင်းဖြစ်ချင်တဲ့ ဆန္ဒတွေထဲကတစ်ခုပါ။ ကြိုးစားတိုင်းလည်းဖြစ်မလာတဲ့ အထဲမှာ အချစ်ရေးကံကောင်းတာလည်းပါတယ်နော်။ ဒါပေမယ့်လည်း မွေးရာပါ အချစ်ရေးမှာကံကောင်းတဲ့ ရာသီခွင်လေးတွေရှိပါတယ်။ ဘယ်ရာသီခွင်လေးတွေလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ အကယ်၍သင်ဟာ အချစ်ရေးမှာ ကံခေနေခဲ့ရင်လည်း မကြာခင်မှာ ကံကောင်းမယ်ဆိုတာ ယုံလိုက်နော်။

1. Aries (March 21 – April 19)
Aries တွေဟာ စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့ ရာသီဖွားတွေပါ။ ပျင်းခြောက်ခြောက်ဖြစ်ရတာကို လုံးဝမကြိုက်တာကြောင့် သူတို့နဲ့တွဲတဲ့သူတိုင်းဟာ လုံးဝမငြီးငွေ့ရပါဘူး။ အသစ်အဆန်းတွေနဲ့ အမြဲတမ်း ဆွဲဆောင်နိုင်တဲ့သူတွေဖြစ်တာကြောင့် ချစ်သူရဲ့ ရိုးမသွားနိုင်တဲ့ ချစ်ခြင်းတွေကို ပိုင်ဆိုင်ထားသူတွေပါ။

2. Gemini (May 22 – June 21)

Gemini လေးတွေဟာ စကားအရမ်းတတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့အပြောလေးတွေမှာမြောပြီး တဖြုတ်ဖြုတ်ကြွေနေရမှာဖြစ်ပါတယ်။ စကားအရမ်းတတ်ပြီး တစ်ဖက်သားကို ကြွေသွားအောင်ပြောတတ်တဲ့သူတွေဖြစ်တာကြောင့် သူတို့ရဲ့ချစ်သူကတော့ သူတို့ရဲ့အပြောချိုချိုလေးတွေအောက်မှာ ကျဆုံးနေရမှာဖြစ်ပါတယ်။

3. Scorpio (October 23 – November 22)
Scorpio တွေမှာ အရမ်းထူးခြားတဲ့ စွမ်းအင်တစ်မျိုး ရှိပါတယ်။ အဲ့ဒါကတော့ ညှို့ငြင်နိုင်စွမ်းပါပဲ။ သူတို့ဟာ ကြည့်လိုက်ရင် အရမ်းချောတာမျိုး မဟုတ်ရင်တောင် ထူးခြားတဲ့ ဆွဲဆောင်အားကို ပိုင်ဆိုင်ထားတဲ့သူတွေပါ။ သူတို့ရဲ့ မှော်ဆန်တဲ့ ဆွဲငင်မှုအောက်မှာ ချစ်သူက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ချစ်သူရဲ့ ဖူးဖူးမှုတ်ချစ်ခြင်းကို ခံရသူတွေဖြစ်ပါတယ်။

4. Virgo (August 23 – September 22)
Virgo တွေဟာ အရမ်းကိုအလိုက်သိတဲ့ ရာသီခွင်တွေဖြစ်ပါတယ်။ ချစ်သူကို အမြဲတမ်းနားလည်ပေးပြီး နှစ်ဦးနှစ်ဖက် ညီမျှစွာတွေးခေါ်ပေးတတ်တဲ့သူတွေပါ။ ချစ်သူကမပြောလည်း ဘာဖြစ်နေတယ်၊ ဘာလိုအပ်နေတယ်ဆိုတာ အလိုလိုသိပြီး ဖြည့်ဆည်းပေးနိုင်စွမ်းရှိတာကြောင့် ချစ်သူရဲ့ ဖူးဖူးမှုတ်ခြင်းကို ခံရပါတယ်။

5. Sagittarius (November 23 – December 21)
Sagittarius လေးတွေဟာ စိတ်ခွန်အားအရမ်းကြီးတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့လွှမ်းမိုးနိုင်စွမ်းကအရမ်းကြီးမားပါတယ်။ စိတ်ခံစားချက်ပြင်းထန်ပြီး စွန့်စားရဲတဲ့စိတ်ဓာတ်ရှိသူတွေပါ။ သူတို့ရဲ့ အားကြီးတဲ့စိတ်နဲ့ သြဇာညောင်းခြင်းတွေက ချစ်သူကို တဖြုတ်ဖြုတ်ကြွေစေပါတယ်။

Em Em

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.